မြန်မာ့ရိုးရာပွဲတော်တွေထဲမှာ သင်္ကြန်ပွဲတော်ကို အကြိုက်ဆုံးပါပဲ လို့ဆိုတဲ့ မာရီနာ
The Chat Room ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့
နှလုံးသားထဲထိရောက်အောင် ဆွဲဆောင် ထားနိုင်တဲ့ မော်ဒယ်မာရီနာ တစ်ယောက်
လတ်တလောမှာ အနုပညာလှုပ်ရှားမှု အနေနဲ့ ဘာတွေလုပ်ဖြစ်နေတယ် ဆိုတာရယ်။
သင်္ကြန်မှာ ဘာတွေလုပ်ဖြစ်မလဲဆိုတာ ကိုမေးမြန်းဖြစ်ခဲ့တဲ့အခါ ‘ညီမ လတ်တလော မှာတော့ စတားတို့သင်္ကြန်အခွေရဲ့ promotion ပွဲအတွက် မန္တလေးကို သွားဖို့ရှိပါမယ်။ ပြီးရင် ရုပ်ရှင်ကားကြီး ရိုက်နေတယ်ဆိုတော့ ရုပ်ရှင်ကားကြီးအတွက် အင်းလေးသွားဖို့ရှိပါမယ်။ သင်္ကြန်ပြီးသွားရင် ဟိန်းဝေယံနဲ့ ဇာတ်ကားနှစ်ကား ရိုက်သွားဖို့ရှိမယ်။ သင်္ကြန်ရောက်ရင် နှစ်တိုင်းလိုလို သီချင်းဆိုဖြစ်ပါတယ်။ မနှစ်ကတော့ လားရှိုးမှာ သွားဆိုဖြစ်ပါတယ်။
ဒီနှစ် သင်္ကြန်ကတော့ ညီမကားကြီး ရိုက်ဖို့ကလည်း
ရှိနေသေးတော့ သေချာတော့ မစဉ်းစားရသေးဘူးပေါ့။ ဒါပေမဲ့ နယ်မှာပဲ
သီချင်းသွားဆိုဖြစ်မယ် ထင်ပါတယ်။ သင်္ကြန်ကို အကြိုက်ဆုံးပဲ။ မြန်မာ့ရိုးရာ
ပွဲတော်တွေထဲမှာ သင်္ကြန်ပွဲတော်ကို အကြိုက်ဆုံးပဲ။ ဘယ်လို့မှန်းမသိဘူး။
နွေရာသီရောက်ရင် ဥသြတွန်သံလေးတွေ ကြားရရင်ကို ရင်ထဲမှာ အရမ်းပျော်တာ။
သင်္ကြန်နီးပြီဆိုရင် သင်္ကြန်သီချင်း သံတွေကြားရရင်ကို ရိုးတိုးရွတနဲ့ပေါ့။
သူများတွေ သင်္ကြန်မှာ တရားစခန်းဝင်မယ်။
ဥပုဒ်စောင့်မယ် ဆိုရင်တောင် ကိုယ်တွေ ဘယ်တော့မှ မလုပ်နိုင်ခဲ့ဘူး။ သင်္ကြန်ပြီးသွားမှ တရားစခန်းဝင် ဖြစ်တာပေါ့နော်။ သင်္ကြန်ပိုးကတော့ လုံးဝမရဘူး။ သင်္ကြန်ကို ကလေးဘဝ ကတည်းက ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းဖူးတယ်။ သင်္ကြန်မှာ ရေပက်ခံထွက်ရတာကို မကြိုက်ဘူး။ ညီမက ရေပက်ရင် ရေမွန်းတာကို မခံနိုင်ဘူး။ အရမ်းကြောက်တယ်။ သင်္ကြန်ဆိုရင် ကိုယ်ကြိုက်တဲ့ အနုပညာကို လုပ်ခွင့် ရပြီးမှ ကိုယ်လည်းပျော်ရတာမျိုးကို ကြိုက်ပါတယ်’လို့ သူမက ဆိုပါတယ်။

No comments:
Post a Comment