ပါးစပ်ပေါက်
လူတွေ.....လူတွေ
ချွေးရေချိုးထားသလို၊ ရွဲရွဲနစ်နစ်နဲ့
နဖူးကချွေး မြေမကျအောင်၊ ရုန်းကန်နေရတယ်
ငွေ.....................
ရှာလိုက်ရတာ၊ ဒုက္ခတွေပင်လယ်ဝေလို့
ပင်ပန်းလိုက်ကြတာ၊ သုခတွေလိုချင်လို့
ထမင်းတလုတ်အတွက် ချွေးတောင်မသုတ်အားဘူး
စားရဖို့၊ သောက်ရဖို့
ဝတ်ရဖို့၊ ကြွားရဖို့
ရှာလိုက်ကြရတာ အသက်ရူဖို့တောင်မေ့နေကြရဲ့
မွေး၊ နေ၊ သေ
အကြွေးတွေဝေ ရှာလိုက်စမ်း မေတ္တာရှင်ကြီးငွေ
ငွေရဖို့အတွက် အကောင်းမှုလည်းလုပ်ရှင်ကြတဲ့
လူလည်းသတ်ဝံ့ကြရဲ့
ကြောက်စရာကောင်းလိုက်တာနော်
ဗုဒ္ဓသာသိရင်၊ သြော်...ဒုက္ခလို့
ပြောမှာတော့ မြင်ယောင်မိတယ်
ငွေတစ်ရွက်ရဖို့ အရေး၊ မြေထက်ကျတဲ့ချွေးတွေ
ဒုက္ခမြစ်ရေ အဖြစ်၊ မဆုံနိုင်သံသရာမြစ်ကြောထဲ
စိတ်ဝင်မျောသွားပါပြီ ဘုရား
ဟော....ကြည့်စမ်းပါ
လူတွေ.........လူတွေ
ငွေရေစီးကြောင်းထဲ မျောပါ
ကျောဗလာ ချွေတလုံးလုံး
တကုန်းကုန်းနဲ့ အလုပ်လုပ်နေရတာ
အရင်းစစ်လိုက်တော့
အဲဒီ ပါးစပ်ပေါက်ကြောင့်ပေါ့....ဟုတ်တယ်မလား?
No comments:
Post a Comment