Friday, March 28, 2014

ပျောက်ဆုံးသူဦးရေ (၉၀)အထိ ရှိနေသေးသည့် ၀ါရှင်တန် မြေပြိုမှု

ဝါရှင်တန်ပြည်နယ်က ရွှံ့နံရံပြိုကျမှုမှာ ပါသွားတဲ့ ပျောက်ဆုံးသူ အရေအတွက်ဟာ (၁၇၆)ယောက်အထိ ရှိသွားပြီဖြစ်တယ်လို့ သက်ဆိုင်ရာ အရာရှိတွေကအရင်က သတင်းထုတ် ပြန်ထားပေမယ့် နောက်ဆုံး ရရှိတဲ့ သတင်းအချက်အလက်တွေအရ ပျောက်ဆုံးသူ အချို့ကို ပြန်လည်တွေ့ရှိပြီဖြစ် တာကြောင့် ပျောက် ဆုံးသူ အရေအတွက် လျော့ကျသွားပြီလို့ သိရပါတယ်။
စနိုဟိုးမစ်စီရင်စု အရေးပေါ်အခြေအနေ စီမံမှုဆိုင်ရာ ညွှန်ကြားရေးမှူး ဂျွန်ပန်နီတန်ရဲ့ ဗုဒ်္ဓဟူးနေ့ည က ပြောပြချက်အရ ၀ါရှင်တန်ပြည်နယ်မြောက်ပိုင်း၊ ဆီယက်တယ်မြို့မြောက်ပိုင်း၊ အိုဆိုမြို့ အနီးမှ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုမှာ ပါသွားတဲ့ ဒါဇင်နဲ့ ချီတဲ့လူတွေကို ကျန်းကျန်းမာမာ နဲ့ ပြန်တွေ့ပြီဖြစ် တာကြောင့် အရင်က သတင်းထုတ်ပြန်ထားတဲ့ လူပေါင်း(၁၇၆)ယောက် အစား ပျောက်ဆုံးသူ အရေအတွက်ဟာ (၉၀)ဦးပဲ ရှိတော့တယ်လို့ ပြောကြားထားပါတယ်။
 
ဒါ့အပြင် မြေပြိုကျချိန်မှာ ဘယ်ရောက်နေမှန်းမသိနိုင်တဲ့ နောက်ထပ်အနည်းဆုံးလူ (၃၅)ယောက်ခန့်ရဲ့ အခြေအနေကိုလည်း မသိရသေးဘူးလို့လည်း သိရပါတယ်။ စနေနေ့က ဖြစ်ပွားခဲ့တဲ့ အဲ့ဒီမြေပြို မှု ဆိုးရွားခဲ့တဲ့အတွက် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အရေးပေါ် အခြေအနေကြေညာ ခဲ့ပါတယ်။ ရှာဖွေရေးလုပ်သားတွေကလည်း ရဟတ်ယာဉ်တွေ၊ လေဆာပုံရိပ်ဖော်စက်တွေသုံးပြီး ပျောက် ဆုံးသူတွေကို ရှာဖွေနေကြတယ်လို့ သိရပါသည်။
 
 

No comments:

Post a Comment

back to top