Tuesday, March 25, 2014


Xperia စမတ်ဖုန်းများအတွက် Voice Balloon Photo app ကို Sony မိတ်ဆက်

 

ရွေးချယ်ထားသည့် Xperia စမတ်ဖုန်းများအတွက် Voice Ballon Photo ဟုခေါ်သည့် Android app သစ်တစ်မျိုးကို Sony ကမိတ်ဆက်ပေးခဲ့သည်။ အဆိုပါ app သည် ဓာတ်ပုံရိုက်ကူးပေးနိုင်ခြင်း မရှိသော်လည်း ရိုက်ကူးထားသည့် ဓာတ်ပုံများကို ဖျော်ဖြေမှုဆန်ဆန် အသုံးပြုနိုင်စေမည်ဖြစ်သည်။
၎င်းကိုအသုံးပြုရာတွင် ကင်မရာကိုဖွင့်ပြီး Voice Ballon Photos ကိုရွေးချယ်ကာ ဓာတ်ပုံတွင်ထည့်သွင်း လိုသည့်စာကိုနှုတ်ဖြင့် ပြောလိုက်သည်နှင့် speech balloon များနှင့်အတူ စာလုံးများပေါ်လာ မည်ဖြစ်သည်။ ထို့နောက် အဆိုပါ speech balloon များနှင့်ဓာတ်ပုံများ ရိုက်ကူးနိုင်မည်ဖြစ်သည်။ အဆိုပါ speech balloon များရွှေ့နိုင်သလို balloon အတွင်းမှစာကိုလည်း ပြောင်းလဲနိုင်သည်။

အဆိုပါ app ကို မည်သည့် Xperia စမတ်ဖုန်းများတွင် အသုံးပြုနိုင်သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း Xperia စမတ်ဖုန်းအားလုံးတွင် အသုံးပြုနိုင်မည် မဟုတ်ကြောင်းသိရသည်။ Voice Balloon Photo ကို Google Play Store မှအခမဲ့ download ရယူနိုင်သည်။

No comments:

Post a Comment

back to top