ပျောက်ဆုံးလေယာဉ်အစိတ်အပိုင်းများ ဆယ်ယူရန် သြစတြေးလျရေ တပ် ကြိုးပမ်း
သြစတြေးလျရေတပ်သည်
မလေးရှားပျောက်ဆုံးလေယာဉ်ဟု ယူဆရသော အစိတ်အပိုင်းများကို ဆယ်ယူရန်
ကြိုးစားလျက်ရှိသည်ဟု သြစတြေးလျဝန်ကြီးချုပ် တိုနီအတ်ဘော့က ပြောကြားခဲ့ကြောင်း
ဘီဘီစီသတင်းဌာနက ယနေ့ဖော်ပြသည်။သြစတြေးလျရေတပ်မှ
သင်္ဘောနှစ်စင်းသည် ပါ့သ်မြို့နှင့်မိုင် ၁၅၅၀ ကွာဝေးသော အိန္ဒိယသမုဒ္ဒရာအတွင်း၌
မလေးရှား ပျောက်ဆုံးလယာဉ်ဟု ယူဆနေသော အစိတ်အပိုင်းများကို ဆယ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု
သိရသည်။ ဆယ်ယူရန် ကြိုးစားနေသော အစိတ်အပိုင်းများမှာ လုံးဝန်းသော ပုံဏ္ဍာန်ရှိသည့်
အစိတ်အပိုင်းတစ်ခုနှင့် စတုရန်းပုံရှိသော အစိတ်အပိုင်းတစ်ခုတို့ဖြစ်ပြီး
လေယာဉ်ပျံများ၌ အသုံးပြုသော အောက်ခံကြမ်းခင်းများဖြစ်နိုင်သည်ဟု သြစတြေးလျရေတပ်မှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
သြစတြေးလျရေတပ် သင်္ဘောများသည် အမေရိကန်လေတပ်၊
သြတစတြေးလျလေတပ်နှင့် ဂျပန်လေတပ် များမှ လေယာဉ်များ၏ အကူအညီဖြင့် အဆိုပါ
အစိတ်အပိုင်းများကို ဆယ်ယူရန် ကြိုးစားနေခြင်းဖြစ်သည်။ သြစတြေးလျဝန်ကြီးချုပ်
တိုနီအတ်ဘော့က “သြစတြေးလျ ကမ်းခြေစောင့်တပ်နဲ့ ရေတပ်ဟာ အိန္ဒယ သမုဒ္ဒရာအတွင်းမှာ
မလေးရှားပျောက်ဆုံးလေယာဉ်လို့ ယူဆရတဲ့ အစိတ်အပိုင်းတွေကို
ဆယ်ယူဖို့ကြိုး စားနေပါတယ်။ ဆယ်ယူရေးလုပ်ငန်းစဉ်တွေ အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်။
တိကျတဲ့ အဖြေမျိုးရပြီဆိုတာနဲ့ ချက်ချင်းသတင်းထုတ်ပြန်ဖို့ စီစဉ်ထားပါတယ်”ဟု
ပြောသည်။
အိန္ဒိယသမုဒ္ဒရာအတွင်း၌
မလေးရှားပျောက်ဆုံးလေယာဉ်ကို ရှာဖွေမှုပြုလုပ်နေသည့် လုပ်ငန်းစဉ်၌ ပါဝင်နေသည့်
တရုတ်ရေခဲခွဲသင်္ဘောနှစ်စင်းဖြစ်သော Xuelong နှင့် Snow Dragon တို့သည် ရေပေါ် တွင်
မျောနေသော အစိတ်အပိုင်းတချို့ကို တွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေသည့်
မလေးရှားလေယာဉ်ဟု ယူဆရသည့် အစိတ်အပိုင်းများဖြစ်သည်ဟု တရုတ်ရေတပ်က အတည်ပြုချက်
ထုတ်ပြန်လိုက်ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။
No comments:
Post a Comment