နက္ခတ်သိပ္ပံ အကြံပြုလမ်းညွှန် - March 25, 2014
တနင်္ဂနွေဂြိုဟ် မိန်ရာသီနှင့် ဗုဒ္ဓဟူးဂြိုဟ် ကုမ်ရာသီ၌
ရပ်တည်နေပြီး အင်္ဂါဂြိုဟ် တူရာသီ၌ ဖေါက်ပြန် တည်ရှိနေမည်။ တနင်္လာဂြိုဟ်
ဓနုရာသီ၌ ရပ်တည်နေပြီး သောကြာဂြိုဟ် မကာရရာသီ၌ ရပ်တည်နေမည်။ ကြာသပတေးဂြိုဟ်
မေထုန်ရာသီ၌ ရပ်တည်နေပြီး စနေဂြိုဟ် တူရာသီတွင် ဖေါက်ပြန် တည်ရှိနေပါမည်။
ရာဟုနှင့် ကိတ်ဂြိုဟ်များ တူရာသီနှင့် မိဿရာသီ၌ တည်ရှိနေမည်။
ယူရေးနပ်စ်ဂြိုဟ် မိန်ရာသီ၊ နက်ပ်ကျွန်းနှင့် ပလူတိုဂြိုဟ်များ ကုမ်နှင့်
ဓနုရာသီ၌ တည်ရှိနေမည်။ တနင်္လာနှင့် ပလူတိုဂြိုဟ်များ ပူးယှဉ်မည်။ အင်္ဂါမှ
တနင်္လာသို့ ၉၀ံအမြင် ရှိထားသည်။ နေ့လည် ၁ နာရီ ၃၇ မိနစ် အတွင်း
ပြုဗ္ဗာသာဋ္ဌ်နှင့် အဘိဇိနက္ခတ်များ စန်းယှဉ်ပြီး မိဿ၊ မေထုန်၊ သိဟ်၊ ကန်၊ တူ၊
ဓနုနှင့် ကုမ်ရာသီဖွားများ ကံဇာတာ မြင့်မားချိန် ဖြစ်သည်။ အင်္ဂါ၊ ဗုဒ္ဓဟူး၊
ကြာသပတေးနှင့် စနေ သားသမီးများ အရေးကြီးကိစ္စ ဆောင်ရွက်နိုင်သည်။ ယှဉ်ပြိုင်
ဆောင်ရွက်မှုကိစ္စ၊ လေလံကိစ္စ ၊ရာထူး တိုးမြှင့်မှုကိစ္စ၊ ရေကြောင်း လုပ်ငန်း၊
အောင်မြင်တိုးတက်မှု ရယူလိုသော လုပ်ငန်းကိစ္စများ စတင်ခြင်း၊ စာပေမိတ်ဆက်
ထုတ်ဝေဖြန့်ချီမှု၊ ရွှေရတနာပစ္စည်း ၀ယ်ယူစုဆောင်းမှု၊ ထီကံစမ်းမှု၊ ရာထူး
အရှိန်အ၀ါ မြင့်မား တိုးတက်မည့် ကိစ္စရပ်များဆောင်ရွက်နိုင်သည်။ နေ့လည်
၁နာရီ ၃၇မိနစ် နောက်ပိုင်း ဥတ္တရသာဋ္ဌ် နက္ခတ်စန်း ယှဉ်ပြီး
ဆေးဝါးဖော်စပ်မှုနှင့် မိတ်ဆက်ဖြန့်ဖြူးမှု၊ ဆေးဝါးကုသခံယူမှု၊ သီးနှံ
ပန်းမာန် မျိုးကြဲ စိုက်ပျိုးမှုများ၊ တရားဘာဝနာ ကျင့်ကြံ အားထုတ်မှုများ၊
အခက်အခဲ အကြပ်အတည်းမှ လွတ်မြောက်ရန် ကြိုးပမ်းမှု၊ သုတေသနပြု လုပ်ငန်းကိစ္စ၊
အစိုးရ ရုံးပိုင်းဆိုင်ရာ၊ အနုပညာ ထုတ်လုပ်ဖြန့်ချီမှု၊ ဖက်ရှင်
အလှပြင်ဆိုင်နှင့် ရတနာဆိုင် ဖွင့်လှစ်မှု၊ သိဒ္ဓိ အစီအရင်များ
ဆောင်ရွက်နိုင်သည်။
ကံကောင်း ဂဏန်း- ၃၊ ၇၊ ၅
တနင်္ဂနွေသားသမီးများ
လူမူရေးကိစ္စ အမျိုးမျိုးအတွက် ငွေကုန်ကြေးကျ များပြားနေမည်။
တနင်္လာသားသမီးများ
ငွေကြေး အစုလိုက်၊ အပုံလိုက် ရရှိတတ်ပြီး ထီကံစမ်း ပေးသင့်ချိန် ဖြစ်သည်။
အင်္ဂါနေ့သားသမီးများ
အတိုက်အခံ အခက်အခဲများကြားမှ အောင်မြင်မှုများ ရရှိလာမည်။
ဗုဒ္ဓဟူးနေ့သားသမီးများ
စိတ်လိုက်မာန်ပါ ဆောင်ရွက်မှုများ သတိပြုသင့်ချိန် ဖြစ်သည်။
ကြာသာပတေးနေ့သားသမီးများ
လုပ်ငန်းပိုင်း တိုးတက် ကြီးပွား အောင်မြင်မှုများ တွေ့ကြုံမည့် ရွှေရောင်နေ့ရက် ဖြစ်သည်။
သောကြာနေ့သားသမီးများ
ရွှေရောင် အောင်မြင်မှု အခွင့်အလမ်းများ တွေ့ကြုံလာမည့် အချိန်ကာလ ဖြစ်သည်။
စနေနေ့သားသမီးများ
စီးပွားဥစ္စာ ရှာဖွေမှုအတွက် ကံကောင်းမှုများ လွှမ်းမိုးထားချိန် ဖြစ်သည်။
ရာဟုနေ့သားသမီးများ
ကျန်းမာရေး အညံ့နှင့် မတော်တဆ ထိခိုက်မှုများ တွေ့ကြုံတတ်သည်။ | တနင်္ဂနွေသားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ ဆင်စွယ်၊ အနီ |
| တနင်္လာနေ့သားသမီးများ ၀တ်ဆင်ရန် | ဆင်စွယ်၊ အနီ၊ အ၀ါ |
| အင်္ဂါနေ့သားသမီးများ ၀တ်ဆင်ရန် | အနီ၊ အ၀ါ၊ အပြာနု |
| ဗုဒ္ဓဟူးနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ ခရမ်း၊ ဆင်စွယ် |
| ကြာသာပတေးနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ အနီ၊ အနက် |
| သောကြာသားသမီးများ ၀တ်ဆင်ရန် | အနီ၊ အနက်၊ အပြာနု |
| စနေနေ့သားသမီးများ ၀တ်ဆင်ရန် | ခရမ်း၊ အ၀ါ၊ အစိမ်းနု |
| ရာဟုနေ့သားသမီးများ ၀တ်ဆင်ရန် | အနက်၊ အ၀ါ၊ အစိမ်းနု |
No comments:
Post a Comment