Wednesday, March 26, 2014

တောင်ကိုရီးယားသို့ တင်ပို့မည့် စားသောက်ကုန် ပစ္စည်းများ အတွက် ဆွေးနွေးပွဲ ကျင်းပ

 

မြန်မာနိုင်ငံမှ ထုတ်လုပ်သော စားသောက်ကုန် ပစ္စည်းများကို တောင်ကိုရီးယား ဈေးကွက်သို့ တင်ပို့ရောင်းချရန် အတွက် ကိုရီးယားနိုင်ငံ၏ ဈေးကွက် သဘောတရားနှင့် လိုအပ်သော စံချိန် စံညွှန်းများအကြောင်း ဆွေးနွေးပွဲကို Korean Market Access Seminar on Myanmar Agricultural Products ခေါင်းစဉ်ဖြင့် Sedona Hotel ရှိ ရန်ကင်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက စတင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအုန်းသန်းတို့ တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး ASEAN-KOREA Centre မှ အထွေထွေ အတွင်းရေးမှူးနှင့် မြန်မာနိုင်ငံ စားသောက်ကုန် တင်ပို့ထုတ်လုပ် ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးဇော်မင်းဝင်း တို့က စားသောက်ကုန် ပစ္စည်းများကို ဈေးကွက်အတွင်းသို့ တင်ပို့ ရောင်းချမှုများနှင့် ဆောင်ရွက်ရန် ကိစ္စရပ်များကို ပြောကြားခဲ့သည်။
ဆက်လက်၍ Yonsei တက္ကသိုလ်မှ Biotehnology ဌာနရှိ ပရော်ဖက်ဆာ Ph.D, Mr.Jae-Kwan Hwang က မြန်မာနိုင်ငံမှ တောင်ကိုရီးယားသို့ တင်ပို့မည့် စားသောက်ကုန် ပစ္စည်းများ အတွက် တောင်ကိုရီးယား နိုင်ငံမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ၄င်းတို့နိုင်ငံမှ ထုတ်ကုန် ပစ္စည်းများအား အရည်အသွေး မြှင့်တင်ပုံများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။ မြန်မာ့ လယ်ယာ ထွက်ကုန် ပစ္စည်းများကို တန်ဖိုးမြင့် စားသောက်ကုန် ပစ္စည်း များတွင် ထုပ်ပိုးပုံ အရေးပါပုံနှင့် တောင်ကိုရီးယား နိုင်ငံ၏ စားသောက်ကုန်များ အပေါ်လုံခြုံ စိတ်ချရမှု စံချိန်စံညွှန်း များနှင့် တောင်ကိုရီးယား ဈေးကွက်၌ ကုမ္ပဏီများ၏ ကုန်ပစ္စည်းဝယ်ယူ တင်သွင်းမှု ပုံစံများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top