Wednesday, March 26, 2014

အောင်ဘာလေ သိန်းဆုဖွင့်ပွဲ ဧပြီ ၁ရက် ကျင်းပမည် 

ဧပြီ ၁ရက် (အင်္ဂါနေ့)တွင် (၃ဝ၃)ကြိမ် ငွေကျပ် ၂ဝဝ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲကို အောင်ဘာလေ သိန်းဆုဌာနခွဲ တည်ရှိရာ အမှတ် (၃၈၄) မဟာဗန္ဓုလ လမ်းနှင့် ၃၇လမ်းထောင့် ကျောက်တံတား  မြို့နယ် ရန်ကုန်တိုင်း ဒေသကြီးရှိ ထီဖွင့်ပွဲ ခန်းမဆောင်၌ နံနက် ၈နာရီမှ စတင်၍ ညနေ ၄နာရီအထိ တစ်ရက်တည်းဖြင့် အပြီး ဖွင့်လှစ်မည်ဖြစ်သည်။
ကံထူးရှင်များအား ဆုငွေ ထုတ်ပေးခြင်းကို ဧပြီ ၇ရက်မှစ၍ လက်ခံ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းနှင့် ဆုငွေများကို ကိုယ်တိုင်ဖြစ်စေ၊ တရားဝင် ကိုယ်စားလှယ် လွှဲစာဖြင့် ဖြစ်စေ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲ ရုံးများ၌ လျှောက်ထားတင်ပြ ထုတ်ယူ နိုင်ကြောင်း သိရသည်

 

No comments:

Post a Comment

back to top