Wednesday, March 26, 2014

ဓာတ်ပုံမဟုတ်တဲ့အနုစိတ်ပန်းချီ


ယခု ပုံမှာ မြင်တွေ့နေရတဲ့ မျက်လုံးပုံဟာ ဓာတ်ပုံ မဟုတ်ပါဘူး။ အသက် ၁၉ နှစ် အရွယ်သာ ရှိသေးတဲ့ အမေရိကန်က Jose Antonio Lopez Vergara  လို့ အမည်ရတဲ့ လူငယ် ရေးဆွဲထားတဲ့ အနုစိတ် ခဲပန်းချီ ဖြစ်ပါတယ်။

အနုစိတ် ခဲပန်းချီ ရေးဆွဲခြင်းကို ဝါသနာ ထုံးတဲ့ ယင်း လူငယ်ဟာ အလားတူ မျက်လုံးလိုပဲ အခြားသော ပုံအမျိုးမျိုးကို ရေးဆွဲ ပါတယ်။ သို့ပေမယ့် လက်တလောမှာ ယင်း မျက်လုံးပုံကြောင့် လူသိများ အောင်မြင်လာပါတယ်။

 ပန်းချီရေးဆွဲချိန် စုစုပေါင်း နာရီ ၂၀ ရင်းနှီးပြီး ၃ ရက်လောက် ဆွဲလိုက်ရတဲ့ ပုံ ဖြစ်ကြောင်း ဆိုပါတယ်။ ဓာတ်ပုံ ရိုက်ထားတဲ့အလား ထင်မှတ်ရအောင် ပီပီပြင်ပြင် ဆွဲနိုင်တဲ့ ရုပ်ကြွ ပန်းချီ (3D) ကြောင့် အများ အံ့သြစေခဲ့ ပါတယ်။
သူ့ရဲ့ ပန်းချီကားများကို သူ့ Page ဖြစ်တဲ့ https://www.facebook.com/pages/Redosking/1453180841576813 မှာ ဝင်ရောက် ကြည့်ရှု နိုင်ပြီး သူ ရေးဆွဲပုံ အဆင့်ဆင့်ကိုပါ ဝင်ရောက် လေ့လာ နိုင်မှာ ဖြစ်ပါတယ်။

No comments:

Post a Comment

back to top