Wednesday, March 26, 2014

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး သည် မတ်လ (၂၃) ရက် ညနေ (၅) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာသိန်းစိုး၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်တင်မြင့်၊ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ အလုပ် အမှုဆောင်များ လိုက်ပါလျက် ဟင်္သာတမြို့နယ် တလုတ္ထော် တိုက်နယ်၊ လိပ်ခုံးကျေးရွာ အေးငြိမ်းရွှေပြေ အောင်စေတီသို့ ရောက်ရှိပြီး စေတီတော်အား ဖူးမြော်ကြည်ညိုသည်။



၎င်းနောက် အေးငြိမ်းချမ်းသာ ပြည်သာယာစေတီတော် ဌာပနာတော် သွင်း၊ ရွှေထီးတော်၊ စိန်ဖူးတော် အထွတ်တင် ပူဇော်ပွဲပြုလုပ်ရန်အတွက် ပြင် ဆင်ထားရှိမှုများအား ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင် ရွက်ပေးပါသည်။
ထို့နော်က လိပ်ခုံးကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာ၊ ငမဲအိုင်ကျေးရွာများမှ ရပ်မိ ရပ်ဖများ၊ ဒေသခံ ပြည်သူများအား တွေ့ဆုံပြီး နယ်မြေဖွံ့ဖြိုးမှုနှင့် ပတ်သက် ၍ မေးမြန်းကာ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top