Wednesday, March 26, 2014

တောင်သာမြို့နယ်အသင်း (မန္တလေး) ဆဋ္ဌမအကြိမ် နှစ်ပတ်လည် အစည်း အဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲသို့ တောင်သာ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း တက်ရောက် ချီးမြှင့်


မတ်လ (၂၃) ရက်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် မဟာသကျ သီဟဘုရားဝင်းအတွင်းရှိ ဝေဇယန္တဓမ္မာရုံ တွင် တောင်သာမြို့နယ်အသင်း (မန္တလေး) ၏ ဆဋ္ဌမ အကြိမ်မြောက် နှစ်ပတ် လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ် ရာ အသင်းနာယကကြီး တောင်သာမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုး တက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ အမှတ်(၁) စက်မှုဝန်ကြီး (ငြိမ်း)၊ သီရိပျံချီ ဦးအောင်သောင်းနှင့် မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်၊ တောင်သာမြို့နယ် အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဆွေ တို့က အမှာစကားများ ပြောကြားပေးကြသည်။ 

၂၀၁၂-၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ ဂုဏ်ထူးနှင့် အောင်မြင်သူ (၁၄) ဦးအား အသင်း နာယကကြီးနှင့် အလှူရှင်များမှ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
တောင်သာမြို့နယ်အသင်း (မန္တလေး) သို့ အသင်းနာယကကြီး တောင်သာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ အမှတ် (၁) စက်မှုဝန်ကြီး(ငြိမ်း)၊ သီရိပျံချီ ဦးအောင်သောင်း၊ ဇနီး (ဒေါ်ခင်ခင်ရီ) မိသားစုမှ အလှူငွေ ကျပ်သိန်း (၂၀)၊ JAGUCO မြန်မာအင်တာနေရှင်နယ်ကိုးလီမိတက်၊ မန်နေးဂျင်းဒါရိုက်တာ၊ အသင်း အမှုဆောင် ဒေါက်တာခင်မောင်ဝင်းနှင့် ဇနီး ဒေါ်ခင်ခင်ငြိမ်း မိသားစုမှ အလှူငွေကျပ် (၁၅) သိန်း တို့ကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် အသင်းသူ/သားများအား ဗလာမပါ ကံစမ်းမဲများအား မဲဖောက်ပေးခဲ့ပြီး တောင်သာနယ်သားများ အနေဖြင့် ဆဋ္ဌမအကြိမ် နှစ်ပတ် လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်း အနားသို့ အသင်း သူ/သား (၁၀၀၀) ဦးကျော် နယ်သူ/သား အချင်းချင်း ချစ်ခင်ရင်းနှီးစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment

back to top