ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက်္ခာအစီအစဉ် WFP ရဲ့ ဦးဆောင်မှုနဲ့ စားနပ်ရိက္ခာဖူလုံရေး သတင်းကွန်ရက်အဖွဲ့ (FSIN) တို့မှပူးပေါင်းကာ စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ အရင်းအမြစ်ဌာနကို မကွေးမြို့မှာ
မတ်လ(၅)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တယ်လို့သိပါတယ်။အဆိုပါ
စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ အရင်းအမြစ်ဌာနကိုတော့ မကွေးတိုင်းဒေသကြီး၊
မကွေးမြို့ရှိ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ဝင်းအတွင်းမှာဖွင့်လှစ်ကာ
လုပ်ငန်းများကို ဆောင်ရွက် လုပ်ကိုင်သွားမှာဖြစ်ပါတယ်။
ဒီလို ဆောင်ရွက်ရာမှာ မကွေးတိုင်းဒေသကြီးအတွင်းရှိ စားနပ်ရိက္ခာ
ဖူလုံရေးနဲ့သက်ဆိုင်တဲ့ သတင်းအချက်အလက်များကို စောင့်ကြည့်လေ့လာခြင်း၊
ဖလှယ်ခြင်း၊ ပူးပေါင်းဆောင် ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက်
စားနပ်ရိက္ခာဖူလုံရေး သတင်းကွန်ရက်အဖွဲ့ဝင်များနဲ့ သတင်းအချက်အလက်ဖလှယ်ရာနေရာအနေနဲ့ အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် စားနပ်ရိက္ခာဖူလုံရေး သတင်းအချက်အလက်များ ကောက်ယူရာမှာ
လိုအပ်တဲ့စက်ကိရိယာနဲ့ အထောက်အပံ့ပစ္စည်းများ၊ စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ
အထောက်အကူပြုသင်တန်း များနဲ့အစည်းအဝေးများကို အဆိုပါဌာနအတွင်း
ထားရှိလုပ်ကိုင်သွားမှာဖြစ်ပါတယ်။ ဒီလ WFP နဲ့ FSIN တို့ရဲ့
ပူးပေါင်းဆောင်ရွက်မှုဟာ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးသတင်းအချက် အလက်များ
ကောက်ယူခြင်း၊ ဖြန့်ဝေခြင်းလုပ်ငန်းများမှာ အရည်အသွေး
မြှင့်တင်ပေးနိုင်မှာဖြစ်သလို စီမံကိန်းများ ရေးဆွဲရာမှာလည်း
အထောက်အကူပြုနိုင်ဖို့အတွက် ရည်ရွယ်ဖွင့်လှစ်တာ ဖြစ်တယ်လို့သိရပါတယ်။
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP အနေနဲ့ အခုလို
စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ အရင်းအမြစ်ဌာနကို ချင်းပြည်နယ်၊
ဟားခါးမြို့နယ်အတွင်း စတင်ဖွင့်လှစ်ခဲ့ပြီး အခုလို မကွေးတိုင်း
ဒေသကြီးမှာဖွင့်လှစ်မှုကတော့ ဒုတိယမြောက်ဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မကဘဲ
နောက်ပိုင်းမှာလည်း အလားတူအရင်းအမြစ်ဌာနများကို နေပြည်တော်အပါအ၀င်
တိုင်းဒေသကြီးနဲ့ ပြည်နယ်(၅)ခုတို့မှာ ထပ်မံဖွင့်လှစ်သွားဖို့
စီစဉ်ထားတယ်လို့ သိရပါတယ်
No comments:
Post a Comment