ရန်ကုန်ဘူတာကြီးမှာပါ ပြုလုပ်နိုင်သည့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းလုပ်ငန်းများ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာန(ကညန) အနေနဲ့ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းလုပ်ငန်းတွေကို ယခင်က (မြင်သာ ကညန) ရုံးတစ်ခုထဲ မှာသာ
ပြုလုပ်ပေးခဲ့ ရာမှ ယခုမတ်လ(၄)ရက်နေ့မှစတင်ပြီး ရန်ကုန်ဘူတာကြီး
လက်မှတ်အရောင်းဌာန ရုံးခန်းဝင်ပေါက် (၂)မှာလည်း
ပြုလုပ်ပေးနေပြီဖြစ်တယ်လို့သိရပါတယ်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး
ညွှန်ကြားရေးမှူးဦးစီးဌာန(ကညန) အနေနဲ့ ယာဉ်မောင်းလိုင်စင်
သက်တမ်းတိုးခြင်းတွေကို ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်အရ
မြင်သာက ညနရုံးနဲ့ရွာသာကြီးကညနရုံးအပြင် ရန်ကုန်တိုင်းဘူတာကြီးမှာပါ
စတင်ပြုလုပ်ပေးနေပြီ ဖြစ် တယ်လို့ သိရပါတယ်။
ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးမှုကို ယခုလိုနေရာများမှာ
ခွဲးပြီးပြုလုပ်ပေးနေတဲ့အတွက် ယာဉ်မောင်းလိုင်စင်
သက်တမ်းလာရောက်တိုးလိုသူများအနေနဲ့ အချိန်မြန်မြန်ဆန်ဆန်နဲ့
နီးစပ်ရာနေရာများမှာ လုပ်ကိုင်နိုင်မှာ ဖြစ်တယ် လို့သိရပါတယ်။
ရန်ကုန်ဘူတာကြီးမှာ ယာဉ်မောင်းလိုင်စင် သက်တမ်းလာရောက်
တိုးနိုင်တဲ့မြို့နယ်တွေကတော့ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊
ဒဂုံ၊ ဗဟန်း၊ ဆိပ်ကမ်း၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ တာမွေ၊
မင်္ဂလာတောင်ညွန့်စတဲ့ မြို့နယ်(၁၁)မြို့နယ်မှ သက်တမ်းတိုးလိုသူများ
ပြုလုပ်နိုင်မှာဖြစ်ပြီး ရွာသာကြီး(ကညန)ရုံးမှာလည်း ဒဂုံမြို့သစ်
အရှေ့ပိုင်းမြို့နယ်၊ မြောက်ဒဂုံ၊ တောင်ဒဂုံစတဲ့နေရာတွေက လိုင်စင်သက်တမ်း
တိုးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
အခုလို လိုင်စင်သက်တမ်း တိုးမြှင့်ခြင်းများ ဆောင်ရွက်ပေးမှုကို
ရန်ကုန်ဘူတာကြီးမှာ လည်း ပြုလုပ်လာနိုင်တဲ့အတွက် လာရောက်သက်တမ်းတိုးတဲ့
ပြည်သူတစ်ဦးကလည်း အခုလို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြင်သာကညနရုံးအတွင်းမှာရှိတဲ့ ကနဦးလိုင်စင်
ပြုလုပ်တဲ့ရုံးကိုလည်း ပြောင်းရွှေ့ဖို့ စီစဉ်နေလျက်ရှိပြီး
လိုင်စင်သက်တမ်းတိုးခြင်းအပြင် အခြားအကြောင်းအရာများ
လာရောက်လုပ်ကိုင်သူတွေကို အချိန်မြန်မြန်ဆန်ဆန်နဲ့ နီးစပ်ရာနေရာတွေမှာ
လာရောက်လုပ်ကိုင်နိုင်အောင် ပြောင်းလဲဆောင် ရွက်ပေးသွားမှာ
ဖြစ်တယ်လို့သိရှိရပါတယ်။
ref;mrtv4
No comments:
Post a Comment