Wednesday, March 19, 2014

အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် မီးဘေးသင့်ပြည်သူ များအား ပြည်ခိုင် ဖြိုးပါတီမှ ထောက်ပံ့ရေး ပစ္စည်းများပေးအပ်


ရန်ကုန်တိုင်းဒေသကြီး အင်စိန်မြို့နယ် ဖော့ကန်ရပ်ကွက် ရှမ်းစု(၁)လမ်းတွင် မတ်လ ၁၂ ရက်က ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့်ခံရသော အိမ်ထောင်စု ၂၆ စု လူဦးရေ စုစုပေါင်း (၈၉) ဦးအား ထောက်ပံရေး ပစ္စည်း လေးမျိုးကို ၀ါးဦး(၆)လမ်းရှိ ၀ါဦးပရိယတ္တိစာသင်တိုက် ဇေ တ၀န် ကျောင်းဆောင် ယာယီကယ်ဆယ်ရေးစ ခန်း၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မတ်လ (၁၈) ရက် နံနက် ၁၁ နာရီတွင် သွားရောက် လှူဒါန်းခဲ့သည်။

အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် မီးဘေးသင့်ပြည်သူများအား
ပြည်ခိုင်ဖြိုးပါတီမှထောက်ပံ့ရေးပစ္စည်းများပေးအပ်
====================================
ကိုကြီးဖြိုး(အင်းစိန်)
ရန်ကုန် မတ် ၁၈
====================================

ရန်ကုန်တိုင်းဒေသကြီး အင်း စိန်မြို့နယ် ဖော့ကန်ရပ်ကွက် ရှမ်းစု (၁)လမ်းတွင် ယခုလ ၁၂ရက်က မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မီးဘေး သင့်ခံရသောအိမ်ထောင်စု ၂၆ စု လူဦးရေ စုစုပေါင်း ၈၉ဦးအား ထောက်ပံ့ရေးပစ္စည်း လေးမျိုးကို ဝါဦး(၆)လမ်းရှိ ဝါဦးပရိယတ္တိစာ သင်တိုက် ဇေတဝန်ကျောင်းဆောင် ယာယီကယ်ဆယ်ရေးစခန်း၌ ပြည် ခိုင်ဖြိုးပါတီက ယနေ့နံနက် ၁၁ နာရီတွင် သွားရောက်လှူဒါန်းခဲ့ သည်။

အဆိုပါမီးဘေးသင့်ပြည်သူများ အား ထောက်ပံ့ပေးသည့် ပစ္စည်း များမှာ ထမင်းပေါင်းအိုး ၂၆လုံး၊ ဓာတ်ဘူး ၂၆လုံး၊ စောင် ၂၆ထည်၊ စတီးရေပူရေအေးခွက် ၂၆လုံး ဖြစ် ပြီး ပစ္စည်းလေးမျိုး၏ကာလတန်ဖိုး ငွေကျပ် ၆၄၄၈ဝဝ ဖြစ်ကြောင်း၊ အင်းစိန်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်း ရေးမှူး ဦးတင့်လွင်ဦးဆောင်၍ မြို့နယ်ပါတီကော်မတီဝင်များ၊ လူ ငယ်ကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းဝေနှင့်အဖွဲ့ဝင်များ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးမြင့်ဆွေနှင့်ရာအိမ် မှူး၊ ဆယ်အိမ်မှူးများတက်ရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ယနေ့အထိ မီးဘေးသင့်ပြည် သူများအား လှူဒါန်းပြီးသည့် အလှူငွေစုစုပေါင်း ကျပ် ၇၃သိန်း နှစ်သောင်းနှင့် ထောက်ပံ့ပစ္စည်း မျိုးစုံ ၈၅မျိုးခန့်ရရှိပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးသည့် ပစ္စည်းများမှာ ထမင်းပေါင်းအိုး ၂၆လုံး၊ ဓာတ်ဘူး ၂၆ လုံး၊ စောင်၂၆ ထည်၊ စတီးရေပူရေအေးခွက် ၂၆ လုံး ဖြစ်ပြီး ပစ္စည်းလေးမျိုး၏ ကာလ တန်ဖိုး ငွေကျပ် ၆၄၄၈၀၀ ဖြစ်ကြောင်း၊ အင်စိန်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးတင့်လွင် ဦးဆောင်၍ မြို့နယ်ပါတီကော်မတီဝင်များ၊ လူငယ် ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းဝေနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ တက်ရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မီးဘေးသင့်ပြည်သူများအား လှူဒါန်းပြီးသည့် အလှူငွေ စုစုပေါင်း ကျပ် ၇၃သိန်းနှစ်သောင်းနှင့် ထောက်ပံ့ ပစ္စည်းမျိုးစုံ ၈၅မျိုးခန့် ရရှိပြီးဖြစ်ကြောင်း သိရသည်။





No comments:

Post a Comment

back to top