Wednesday, March 19, 2014



မကြာသေးခင်က ရာထူးမှ ရပ်နားခြင်းခံခဲ့ရသော ယူကရိန်း သမ္မတ အားလာဘ်စားမှုနှင့်ပတ်သက်၍သံသယရှိကြောင်း ပြောကြားခဲ့သည့် ဆွစ်ဇာလန်နိုင်ငံ ပြည်သူ့ရေးရာဝန်ကြီးဌာန

မကြာသေးမီက ရာထူးမှ ရပ်နားခြင်းခံခဲ့ရသည့် ယူကရိန်း သမ္မတ Viktor Yanukovych အား လာဘ်စားမှုများနှင့် ပတ်သက်၍သံသယရှိသည့်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ ပြည်သူ့ ရေးရာ ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ လာဘ်စားမှု တိုက်ဖျက်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးရုံး (MROS) မှ ထုတ်ပြန်သော သတင်း အချက်အလက်များ အရ ဆွစ်ဇာလန်-ဂျာမန် မီဒီယာများမှ တဆင့် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အစီရင်ခံ တင်ပြရေးသားထားကြောင်း သိရှိရသည်။ သီတင်းပတ် (၂) ပတ်ခန့်မျှ သတင်း အမှောင်ချ ထားသော အဆိုပါလာဘ်စားမှု ကိစ္စရပ်အား ဂျီနီဗာရှိ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အဖွဲ့မှ ပြန်လည် စစ်ဆေးမှု ပြုခဲ့ခြင်း ဖြစ်သည်။ ယင်းအကြောင်းအရာကြောင့် သမ္မတ Yanukovych ရုရှားနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည့် အတွက် ယူကရိန်းနိုင်ငံသားများ အနေဖြင့် များစွာ အံ့သြခဲ့ရကြောင်း သိရှိရသည်။

No comments:

Post a Comment

back to top