Thursday, March 20, 2014

မိန့်ဇ်နဲ့ ပွဲအတွက် ဘိုင်ယန်မြူးနစ် အသင်း ပြင်ဆင် လေ့ကျင့်တဲ့ သတင်း

 

ဘိုင်ယန်မြူးနစ် အသင်းဟာ မိန့်ဇ်နဲ့ ကစားရမယ့် ဘွန်ဒက်စ်လီဂါ ပွဲစဉ်အတွက် အင်္ဂါနေ့က မြူးနစ်မြို့ လေ့ကျင့်ရေးကွင်းမှာ စတင် ပြင်ဆင်နေပါတယ်။ တကယ်လို့ ဒီတစ်ပတ် ပွဲစဉ်တွေမှာ ဘိုရုရှားဒေါ့တ်မွန်နဲ့ ရှော့ကဲအသင်းတို့ရှုံးပြီး မိန့်ဇ်ကို အနိုင်ရရင် ဘိုင်ယန်မြူးနစ်အသင်း ချန်ပီယံ ဖြစ်မှာပါ။ ဘိုင်ယန်မြူးနစ် အသင်းဟာ ဘွန်ဒက်စ်လီဂါမှာ နောက်ဆုံး(၁၇)ပွဲဆက် အနိုင်ရထားပြီး ရှုံးပွဲမရှိတာလည်း ပွဲ(၅၀) ဆက်ရှိပါပြီ။ ဒါပေမယ့် မြူးနစ် လေ့ကျင့်ရေးကွင်းမှာ လာကြည့်တဲ့ ပရိသတ်တွေကတော့ သူတို့အသင်းကို ဒီတစ်ပတ် ချန်ပီယံ ဖြစ်မယ် မထင်ဘူးလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘိုရုရှားဒေါ့တ်မွန်နဲ့ ရှော့ကဲတို့ဟာ ဒီတစ်ပတ်ပွဲတွေမှာ ရှုံးနိုင်ခြေ မရှိတာကြောင့်လို့ သုံးသပ်ပါတယ်။ ဘိုရုရှားဒေါ့တ်မွန်ဟာ ဟန်နိုဗာနဲ့ အဝေးကွင်းပွဲစဉ် ကစားရမှာဖြစ်ပြီး ရှော့ကဲကတော့ အမှတ်ပေးဇယား အောက်ဆုံးက ဘရန်းရှဝစ်ခ်ျအသင်းနဲ့ ကစားရပါမယ်။ ဘိုင်ယန်မြူးနစ် ပရိသတ် တစ်ဦးဖြစ်တဲ့ ကရာမက်က ’’ကျွန်တော့် အထင်တော့ ဒီတစ်ပတ် ချန်ပီယံ မဖြစ်နိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ရှော့ကဲနဲ့ ဒေါ့တ်မွန်တို့ နှစ်သင်းစလုံး ရှုံးမှရမယ့် အခြေအနေမှာ သူတို့နှစ်သင်းထဲက အနည်းဆုံး တစ်သင်းသင်း နိုင်မယ်ထင်လို့ပါ’’လို့ ပြောပါတယ်။

No comments:

Post a Comment

back to top