ရလဒ် ဆိုးတွေကြောင့် နည်းပြ ရာထူးအတွက် စိုးရိမ်စရာ မရှိဘူးလို့ ဒေးဗစ်မိုယက်စ် ပြောတဲ့ သတင်း
မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီရာသီမှာ ရလဒ်တွေ
ဆိုးရွားနေပေမယ့် နည်းပြဒေးဗစ်မိုယက်စ်က သူ့အနာဂတ်အတွက် စိုးရိမ်စရာ
မရှိဘူးလို့ အင်္ဂါနေ့က မန်ချက်စတာမြို့မှာ ကျင်းပတဲ့ သတင်းစာ
ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဗြိတိန် မီဒီယာတွေရဲ့ အဆိုအရ
မန်ချက်စတာယူနိုက်တက်အသင်း ဘုတ်အဖွဲ့ဟာ လီဗာပူးကို ဂိုးပြတ်ရှုံးပြီးနောက်
နည်းပြ အပြောင်းအလဲလုပ်ဖို့ စဉ်းစားလာပြီလို့ သတင်းထွက်လာပါတယ်။ ဒါပေမယ့်
ဒေးဗစ်မိုယက်စ်က ’’လက်ရှိ အခြေအနေကြောင့် ကျွန်တော့် အနာဂတ်က ပြောင်းလဲမှာ
မဟုတ်ပါဘူး။ ကျွန်တော့်မှာ တိကျတဲ့ ရည်မှန်းချက် ရှိပါတယ်။ အခုရာသီဟာ
ကျွန်တော်တို့ မျှော်လင့် ထားသလိုမျိုး ဖြစ်မလာပါဘူး။ ဒါပေမယ့် လမ်းကြောင်း
မှန်ပေါ်ပြန်ရောက်ဖို့ ကျွန်တော့်မှာ စိတ်ကူးတွေ ရှိပါတယ်’’လို့ ပြောပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ဒေးဗစ်မိုယက်စ်နဲ့ (၆)နှစ်စာချုပ်ထားပြီး တကယ်လို့
နည်းပြ အပြောင်းအလဲလုပ်ရင် မိုယက်စ်ကို လျော်ကြေး အမြောက်အမြား ပေးရမှာ
ဖြစ်ပါတယ်။
No comments:
Post a Comment