အင်တာမီလန်ကို ပြောင်းတာဟာ မန်ချက်စတာယူနိုက်တက်မှာ ဖာဂူဆန် မရှိတော့တာကြောင့် မဟုတ်ဘူးလို့ ဗီဒစ် ရှင်းလင်းတဲ့ သတင်း

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် နီမန်ဂျာဗီဒစ်က
ရာသီကုန်ရင် အင်တာမီလန်ကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဟာ ဖာဂူဆန်နဲ့
ပတ်သက်ခြင်း မရှိဘူးလို့ အင်္ဂါနေ့က အင်တာဗျူး အစီအစဉ် တစ်ရပ်မှာ
ငြင်းဆိုလိုက်ပါတယ်။ ဗီဒစ်ဟာ အသက်(၃၂)နှစ် အရွယ်ရှိပြီ ဖြစ်ပေမယ့်
မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေဟာ သူ့ကိုအသင်းမှာ ဆက်ထိန်းဖို့
ကြိုးစားပါသေးတယ်။ ဒါပေမယ့် မအောင်မြင်ပါဘူး။ စကိုင်းစပေါ့နဲ့ အင်တာဗျူး
တစ်ရပ်မှာ ဗီဒစ်က ’’ဘ၀မှာ တစ်ခါတလေ အပြောင်းအလဲ တစ်ခုခုကို လက်ခံရပါတယ်။
မတူညီတဲ့ စိန်ခေါ်မှုသစ်တွေကို ရင်ဆိုင်ဖို့အချိန် ကျရောက်လာပြီလို့
ကျွန်တော် ထင်ပါတယ်။ ဒါဟာ မန်ချက်စတာယူနိုက်တက်မှာ ဆာအဲလက်စ်ဖာဂူဆန်
မရှိတော့တာကြောင့် မဟုတ်ပါဘူး’’ လို့ ပြောပါတယ်။
No comments:
Post a Comment