Tuesday, March 25, 2014

ရာသီအဖွင့် ကာတာမိုတို ဂရင်းပရီမှာ မတ်ကာကွစ် ချန်ပီယံ ဖြစ်သွားတဲ့ သတင်း

 

ရာသီအဖွင့် ပြိုင်ပွဲဖြစ်တဲ့ ကာတာ မိုတိုဂရင်းပရီပြိုင်ပွဲမှာ ကမ္ဘာ့အသက်အငယ်ဆုံး ချန်ပီယံ မတ်မာကွစ် အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ ကာတာနိုင်ငံ ဒိုဟာမြို့မှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ MotoGPပြိုင်ပွဲမှာ အသက်(၂၁)နှစ်သာ ရှိသေးတဲ့ စပိန်နိုင်ငံသား မတ်မာကွစ်က (၄၂)မိနစ်(၄၀ဒသမ၅၆၁) စက္ကန့်နဲ့ ပထမရပါတယ်။ အီတလီနိုင်ငံသား ဗလင်တီနိုရော့စီက (၄၂)မိနစ်(၄၀ဒသမ၈၂၀)စက္ကန့်နဲ့ ဒုတိယရပြီး စပိန်နိုင်ငံသားပဲဖြစ်တဲ့ ဒါနီပီဒရိုဆာက (၄၂)မိနစ်(၄၃ဒသမ၉၃၁)စက္ကန့်နဲ့ တတိယ ရပါတယ်။ Moto2 ပြိုင်ပွဲမှာတော့ စပိန်နိုင်ငံသား အက်စ်တိရာဘက်က (၄၀)မိနစ်(၂၀ဒသမ၉၆၃) စက္ကန့်နဲ့ ပထမရပါတယ်။ ဂျပန်နိုင်ငံသား တာကာကီနာကာဂါမီက (၄၀)မိနစ်(၂၁ဒသမ၀၀၃)စက္ကန့်နဲ့ ဒုတိယရပြီး ဖင်လန်နိုင်ငံသား မီကာကယ်လီယိုက (၄၀)မိနစ်(၂၂ဒသမ၀၂၂) စက္ကန့်နဲ့ တတိယ ရပါတယ်။ Moto3 ပြိုင်ပွဲမှာတော့ သြစတြေးလျနိုင်ငံသား ဂျက်မီလာက (၃၈)မိနစ်(၀၅ဒသမ၈၁၀) စက္ကန့်နဲ့ ပထမရပါတယ်။ စပိန်နိုင်ငံသား အဲလက်မာကွစ်က (၃၈)မိနစ်(၀၆ဒသမ၀၄၃)စက္ကန့်နဲ့ ဒုတိယရပြီး စပိန်နိုင်ငံသား အက်ဖရင်ဗက်ကွစ်က (၃၈)မိနစ် (၀၆ဒသမ၀၉၀)စက္ကန့်နဲ့ တတိယ ရပါတယ်။ အမှတ်ပေး ဇယားမှာတော့ ပထမရသူက (၂၅)မှတ်၊ ဒုတိယရသူက (၂၀)မှတ်နဲ့ တတိယက (၁၆)မှတ် ရသွားကြပါတယ်။

No comments:

Post a Comment

back to top