Tuesday, March 25, 2014

ရပ်ဘီဆဲလ်ဗင်း ချန်ပီယံဆုကို ဖီဂျီအသင်း ဒုတိယ အကြိမ်မြောက် ရယူတဲ့ သတင်း

 

 ဂျပန်နိုင်ငံ တိုကျိုမြို့မှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ ရပ်ဘီဆဲလ်ဗင်း ချန်ပီယံလုပွဲမှာ ဖီဂျီအသင်းက တောင်အာဖရိက အသင်းကို (၃၃း၂၆)နဲ့ အနိုင်ရပြီး ချန်ပီယံဆု ရသွားပါတယ်။ ဖီဂျီအသင်းအနေနဲ့ ဒီရာသီရပ်ဘီဆဲလ်ဗင်း ကမ္ဘာ့စီးရီးမှာ ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ရယူနိုင်တာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ ဖီဂျီအသင်းဟာ နယူးဇီလန်ကို (၁၇း၁၂)နဲ့နိုင်ပြီး Cupဗိုလ်လုပွဲကို တက်လာတာပါ။ တတိယ လုပွဲမှာတော့ အင်္ဂလန်က နယူးဇီလန်ကို အနိုင်ရပါတယ်။ ပဉ္စမနေရာလုပွဲဖြစ်တဲ့ Plate လုပွဲမှတော့ သြစတြေးလျက အမေရိကန်ကို (၁၇း၁၂)နဲ့ နိုင်ပါတယ်။ သတ္တမ နေရာလုပွဲဖြစ်တဲ့ Bowlလုပွဲမှာတော့ ဝေးလ်အသင်းက စကော့တလန်ကို (၂၀း၂၁)နဲ့ အနိုင်ရပါတယ်။ န၀မလုပွဲဖြစ်တဲ့ Shield လုပွဲမှာတော့ အာဂျင်တီးနားက ဆာမိုအာကို (၂၆းဝ)နဲ့ အနိုင်ရပါတယ်။

No comments:

Post a Comment

back to top