Wednesday, March 5, 2014

တံတားဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မီးဘေးသင့် ရွာသူ/သားများအား သွားရောက် လှုဒါန်း

တံတားဦးမြို့နယ်၊ ပျားကျေးရွာတွင် (၁-၃-၂၀၁၄) ရက်နေ့က မီးလောင် မှုဖြစ်စဉ်ကြောင့် အိုးအိမ်မဲ့ ပြည်သူ (၂၁၉)ဦး၊ အိမ်ထောင်စု (၄၉) စု အတွက် တံတားဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် နှင့် ရပ်/ကျေး ပါတီဝင် များက အလှူငွေကျပ် (၃) သိန်း၊ အဝတ်အထည်မျိုးစုံ၊ ရေသန့်နှင့် စားသောက်ဖွယ် ရာများ သွားရောက် လှုဒါန်းပေးအပ်ခဲ့သည်။
ပျားကျေးရွာ ရွှေမုဌော ဘုန်းတော်ကြီးကျောင်းဝင်း ယာယီကယ်ဆယ်ရေး စခန်းတွင် မတ်လ (၄) ရက် နံနက် (၀၉:၃၀) အချိန်တွင် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ (ယာယီ)၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ စည်းရုံးရေးမှူး များနှင့် ပါတီဝင်များက ဆရာတော် ဦးစန္ဒာဓိက ထံ စုပေါင်းပေးအပ် လှုဒါန်းခဲ့ကြသည်။

လှုဒါန်းပံ့ပိုးကူညီသည့် အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်များ နှင့် စားသောက်ဖွယ်ရာများကို စနစ်တကျ မီးဘေးသင့်ပြည်သူများထံ ပေးအပ် နိုင်ရေးအတွက် ပါတီဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ပေး ခဲ့ကြပြီး မီးလောင်ပြင် ရှင်းလင်းရေး လုပ်ငန်းများကို ပြည်ခိုင်ဖြိုးပါတီဝင် ၄၃ ဦးမှ နံနက် (၁၀:၀၀) မှ နေ့လည် (၁၄:၀၀) အချိန်ထိ ဆောင်ရွက်ပေးခဲ့ကြသည်။


No comments:

Post a Comment

back to top