ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ရေရှည် ဖွံ့ဖြိုးတိုး တက်သော လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး (ဆင့်ပွား)သင်တန်းဖွင့်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့ အစည်း ဖော်ဆောင်ရေး (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနား ကို ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်း အဝေးခန်းမတွင် မတ်လ(၃) ရက်နေ့ နံနက် (၀၉၀၀) အချိန်က ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)
နယ်မြေတာဝန်ခံ (ဗဟိုအလုပ် အမှုဆောင်) ဦးမောင်မောင်ဆွေ၊
ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဦးမြင့်လွင်၊ ပြည်နယ်အတွင်းရေးမှူး ဒေါက်တာ
လဆိုင်း၊ ဦးစိုင်းနော်ခမ်းဦး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်
လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ရှမ်းပြည်နယ်
လွှတ်တော် ဒုတိယဥက္ကဌ ဦးစိုင်းခမ်းမှတ်နှင့် လွှတ်တော် ကိုယ်စားလှယ် များ၊
ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီ အတွင်းရေး မှူးများနှင့်
ပါတီကော်မတီဝင်များ၊ စည်းရုံးရေးမှူးများ၊ သင်တန်း နည်းပြများ၊ ရှမ်းပြည်နယ်
(မြောက်ပိုင်း)အတွင်းရှိ (၅)ခရိုင်၊ (၁၉) မြို့နယ်များမှ သင်တန်းသား/ သူ
(၇၄)ဦး စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ
မတ်လ(၃)ရက်နေ့မှ မတ်လ (၁၄)ရက် နေ့အထိ (၂)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်သည်။
သင်တန်းတွင် နည်းပြများမှ ပြည်သူ့ရေးရာမူဝါဒဘာသာရပ်၊ နိုင်ငံတော် စီးပွားရေးအတတ်ပညာ၊ မဟာ ဗျူဟာမြောက်စီမံခန့်ခွဲခြင်း၊ အခြေခံဥပဒေ များ၊ ရွေးကောက်ပွဲဥပဒေနှင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ ဘာသာရပ်များ၊ မြန်မာနိုင်ငံ အုပ်ချုပ်မှုစနစ် (၃)မျိုး၊ အာဆီယံနိုင်ငံများအကြောင်း၊ သတင်းမီဒီယာနှင့် မဟာဗျူဟာမြောက် ဆွေးနွေးဆက်ဆံမှု စသည့် ဘာသာ ရပ်များ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
SKK NSS


No comments:
Post a Comment