Wednesday, March 5, 2014

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဌေးဦး သည် ၂၀၁၄ ခုနှစ်၊ မတ်လ(၂) ရက်နေ့ နေ့လည် (၁) နာရီ အချိန်တွင် မိတ္ထီလာ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးစိုးသန်းနှင့် အလုပ်အမှုဆောင်များ လိုက်ပါလျက် မိတ္ထီလာမြို့၊ မန်ကျီးပင် ပုကျေးရွာ၊ မှန်ကျောင်း၊ လောကရန်နိုင်စေတီအား ဖူးမျှော် ကြည်ညို သည်။


ထို့နောက် မန်ကျီးပင်ပုကျေးရွာ၊ မင်းတည်းကုန်းကျေးရွာ၊ တလင်းကျေးရွာ၊ ဥယျာဉ်ကျေးရွာများ မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေး စည်းရုံးရေးမှူးများ၊ ပါတီဝင်များ၊ ဒေသခံပြည်သူ များနှင့်တွေ့ဆုံကာ လက်ရှိ ပြောင်းလဲကျင့်သုံးနေသော ပါတီစုံ ဒီမိုကရေစီစနစ် ရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှု အခြေအနေ၊ နိုင်ငံတော်နှင့် ပြည်သူများအကျိုး အတွက် ပါတီ၊ လွှတ်တော်၊ အစိုးရ အဖွဲ့တို့ ပေါင်းစပ်ထိန်းကျောင်း ဆောင် ရွက်မှု အခြေအနေတို့အား ရှင်းလင်းပြောကြားပြီး နိုင်ငံတော် အစိုးရမှ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာတွင် မိမိတို့အနေနှင့်လည်း လိုအပ်ချက်များအား ၀ိုင်းဝန်းတင်ပြ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းလုံးညွတ်စွာဖြင့် ၀ိုင်းဝန်းပါဝင် ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top