ချဲလ်ဆီးကို ရှုံးသင့်တယ်လို့ ဂါလာတာစာရေး နည်းပြ မန်ချီနီ ၀န်ခံတဲ့ သတင်း
ဂါလာတာစာရေး အသင်းနည်းပြ ရောဘတ်တိုမန်ချီနီက သူ့အသင်းဟာ
ချဲလ်ဆီးကို ရှုံးသင့်တယ်လို့ အင်္ဂါနေ့က လန်ဒန်မြို့၊
စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၀န်ခံပါတယ်။
ဂါလာတာစာရေး အသင်းဟာ ပွဲအစ (၄)မိနစ်ကတည်းက အီတူးကန်သွင်းတဲ့ ဘောလုံးကတဆင့်
ချဲလ်ဆီးကို အဖွင့်ဂိုး ပေးရတဲ့အပြင် ပွဲချိန်တစ်လျှောက်လုံး
ထိထိရောက်ရောက် တိုက်စစ် ပြန်မဆင်နိုင်ပါဘူး။ ဒါကြောင့်လည်း
ချဲလ်ဆီးနောက်ခံလူ ဂယ်ရီကာဟေးလ်ရဲ့ ဒုတိယပိုင်း သွင်းဂိုးနဲ့အတူ
နှစ်ကျော့ပေါင်း (၃)ဂိုး၊(၁)ဂိုးနဲ့ ဂါလာတာစာရေး ရှုံးခဲ့တာ ဖြစ်ပါတယ်။
ပွဲပြီးသတင်းစာ ရှင်းလင်းပွဲမှာ ဂါလာတာစာရေးနည်းပြ မန်ချီနီက
’’ကျွန်တော်တို့အသင်း ကစားတာ အရမ်း၊အရမ်းညံ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးက
ကျွန်တော်တို့ထက် ပိုကောင်းတဲ့ အသင်းပါ။ အခွင့်အရေး (၁)ကြိမ်ရ၊
(၁)ဂိုးသွင်းနိုင်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒီထက်ပိုကောင်းတဲ့
အသင်းဖြစ်လာအောင် အဆင့်အများကြီး ဆက်ကြိုးစားရဦးမှာပါ’’လို့ ၀န်ခံပါတယ်။
မန်ချီနီဟာ မော်ရင်ဟို ကိုင်တွယ်တဲ့ အသင်းတွေနဲ့ (၆)ကြိမ် ရင်ဆိုင်ရာမှာ
(၁)ကြိမ်မှ မနိုင်ဖူးသေးဘူးလို့လည်း သိရပါတယ်။
No comments:
Post a Comment