Friday, March 21, 2014

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပချိန်မှာ ဆန္ဒပြမှုတွေအတွက် စိုးရိမ်စရာ သိပ်မလိုဘူးလို့ ဘရာဇီး အားကစားဝန်ကြီး ပြောတဲ့ သတင်း

 

ပြီးခဲ့တဲ့နှစ်၊ ကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲတုန်းကလောက်လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆန္ဒပြမှုတွေ ထပ်မဖြစ်ဘူးလို့ ယုံကြည်ကြောင်း ဘရာဇီးအားကစားဝန်ကြီး ရီဘီလိုက ကျူရီးတီးဘားမြို့မှာ အင်္ဂါနေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ထောင်ပေါင်းများစွာသော ဘရာဇီးပြည် သူတွေဟာ ကျန်းမာရေး၊ ပညာရေး၊ သယ်ယူပို့ဆောင်ရေး စတဲ့ ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍတွေမှာ အစိုးရရဲ့ ထောက်ပံ့မှု အားနည်းတာကို မကျေနပ်လို့ မနှစ်က ကွန်ဖက်ဒရေးရှင်းဖလား ကျင်းပချိန်အတွင်း ဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပချိန် ရောက်ရင်လည်း ဆန္ဒထပ်ပြ မယ်လို့ ကြွေးကြော် ထားကြပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီး ဘရာဇီး အားကစားဝန်ကြီး ရီဘီလိုက ’’ဆန္ဒပြမှုတွေ ရှိရင်တောင် ကွန်ဖက်ဒရေးရှင်း ဖလားပွဲကထက် အများကြီး လျှော့ကျသွားမှာပါ။ ကမ္ဘာ့ဖလား ကျင်းပချိန်ဖြစ်တဲ့အတွက် လူတွေဟာ ပါတီပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေကိုပဲ ပိုအာရုံရောက်နေမှာပါ။ ဆန္ဒပြသူတွေ ဘက်က ကြည့်ရင်လည်း မလွန်ပါဘူး။ ပညာရေး၊ ကျန်းမာရေး ၊လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးစတဲ့ ကဏ္ဍတွေ ဒီထက်ပိုတိုးတက် သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပဲ အာရုံစိုက်ထားမယ် ထင်ပါတယ်’’လို့ ထပ်လောင်း ပြောသွားပါတယ်။

No comments:

Post a Comment

back to top