Friday, March 21, 2014

မေဂျာလိဂ် ဘေ့စ်ဘော အဖွင့်ပွဲကို သြစတြေးလျ လက်ခံ ကျင်းပမယ့် သတင်း

 

(၂၀၁၄)မေဂျာလိဂ် ဘေ့စ်ဘောရာသီရဲ့ အဖွင့်ပွဲကို သြစတြေးလျနိုင်ငံက လက်ခံ ကျင်းပပါမယ်။ လော့အိန်ဂျယ်လီစ်ဒေါ့ဂျာနဲ့ အာရီဇိုးနားဒိုင်းမွန်းဘက် အသင်းတို့ ကစားမယ့် ဒီပွဲကို မတ်လ(၂၂)ရက်နဲ့(၂၃)ရက်မှာ ဆစ်ဒနီမြို့ ခရစ်ကက်ကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ပြိုင်ဘက် (၂)သင်းစလုံး အင်္ဂါနေ့က ဆစ်ဒနီမြို့ကို ရောက်ပြီး လေ့ကျင့်ဖို့ကွင်းကို စစ်ဆေးကြပါတယ်။ ဒိုင်းမွန်းဘက် အသင်းရဲ့ အလယ်တန်းလူ အေဂျေပေါလက်က "ကွင်းက အံ့သြစရာပဲ၊ ကျွန်တော်တို့ ဒီကို လာကစားရတာ ဂုဏ်ယူပါတယ်။ ရလဒ် ကောင်းမယ်လို့လည်း မျှော်လင့်ပါတယ်"လို့ ပြောပါတယ်။ ဒေါ့ဂျာ မန်နေဂျာ ဒွန်မတ်တင်းလီကတော့ "ကျွန်တော်တို့ ဒီကိုလာကစားတာက လူအတော်များများ ပြောကြတဲ့ ကွဲပြားခြားနားမှုတွေကို သိဖို့ပါ။ အဓိကကတော့ ရာသီသစ်အတွက် ပြင်ဆင်တာပါပဲ"လို့ ပြောပါတယ်။ ဒီနှစ်သင်းဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ဘက်တွေပါ။ (၂၀၁၃)ခုနှစ် ဇွန်လမှာ လော့အိန်စ်ဂျယ်လိစ်မြို့က ဒေါ့ဂျာကွင်းမှာ ကစားတုန်းက ရန်ပွဲဖြစ်ခဲ့ပါတယ်။

No comments:

Post a Comment

back to top