ဂါလာတာစာရေးနဲ့ပွဲက သူ့အသင်း ကစားပုံကို ကျေနပ်တယ်လို့ မော်ရင်ဟို ပြောတဲ့ သတင်း
အင်္ဂါနေ့က လန်ဒန်မြို့၊ စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းမှာ
ဂါလာတာစာရေးကို (၂)ဂိုး၊ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ သူ့အသင်း ကစားပုံကို
အရမ်းအားရ ကျေနပ်တယ်လို့ ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက ပွဲပြီးသတင်းစာ
ရှင်းလင်းပွဲမှာ ပြောပါတယ်။ ချဲလ်ဆီးဟာ အီတူးနဲ့ ဂယ်ရီကာဟေးတို့ရဲ့
ဂိုးတွေကြောင့် အနိုင်ရ ခဲ့တာပါ။ မော်ရင်ဟိုက ’’အရမ်းကောင်းတဲ့ ကစားပုံပါ။
အမှားနည်းပြီး စုစည်းမှု ကောင်းပါတယ်။ ပြိုင်ဘက်ကို ရှိန်နေတာမျိုးလည်း
မရှိပါဘူး။ ပွဲကိုချဉ်းကပ်တဲ့ပုံစံ၊ နည်းလမ်း မှန်တယ်လို့ ထင်ပါတယ်။
တကယ်တော့ (၂)ဂိုး၊ဂိုးမရှိနဲ့ ဦးဆောင်နေချိန်မှာတောင် ကစားရတာ မလွယ်ပါဘူး။
သူတို့သာ ချေပဂိုး(၁)ဂိုး ရသွားရင် ကျွန်တော်တို့ ထပ်မှားတာနဲ့
တပြိုင်တည်း ပြိုင်ပွဲက ထွက်သွား ရနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်
ကစားသမားတွေ အားလုံးဟာ ပွဲချိန်ပြည့် အကောင်းဆုံး ထိန်းချုပ်
နိုင်ပါတယ်’’လို့ ပြောပါတယ်။ မော်ရင်ဟိုဟာ သူ့နည်းပြ ဘ၀တစ်လျှောက်
ချန်ပီယံလိဂ် ၀င်ခွင့်ရတဲ့ အသင်းတိုင်းကို အနည်းဆုံး ကွာတားဖိုင်နယ်
အဆင့်ရောက်အောင် ဦးဆောင် နည်းပြနိုင်တဲ့ စံချိန်ကို ဆက်ထိန်းသွား
နိုင်ပါတယ်။
No comments:
Post a Comment