Thursday, March 20, 2014

ရှော့ကဲနဲ့ပွဲမှာ ယီဆီရိုဒရီဂွက်ဇ် ဒူးဒဏ်ရာ အပြင်းအထန် ရသွားတယ်လို့ အန်ဆယ်လော့တီ အတည်ပြုတဲ့ သတင်း

 

အင်္ဂါနေ့က ရှော့ကဲကို ဘာနေဗျူးကွင်းမှာ (၃)ဂိုး၊(၁)ဂိုးနဲ့ နိုင်တဲ့ပွဲက ဒူးဒဏ်ရာ အပြင်းအထန် ရသွားတဲ့ လူငယ်တောင်ပံ ကစားသမား ယီဆီရိုဒရီ ဂွက်ဇ်ဟာ ရာသီကုန်အထိ နားရတော့မယ်လို့ ရီရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ပွဲပြီးသတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြုပါတယ်။ ရီရဲလ်မက်ဒရစ် အသင်းဟာ ရှော့ကဲကို နှစ်ကျော့ပေါင်း (၉)ဂိုး၊(၂)ဂိုးနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုရာသီမှာ တောက်လျှောက် ခြေစွမ်းပြနေတဲ့ ယီဆီရိုဒရီဂွက်ဇ်ကို လက်လွှတ် ရတော့မယ့်အတွက် စိတ်မကောင်း ဖြစ်မိကြောင်း အန်ဆယ်လော့တီက ပြောပါတယ်။ ’’သူ့ဒဏ်ရာက ဒူးအရွတ် ဆုတ်ပြဲသွားတာ သေချာပါပြီ။ ကံဆိုးတယ်လို့ ပြောရမလား။ တကယ်တော့သူတင် မဟုတ်ပါဘူး။ ယီဆီ ဒဏ်ရာရတာက ရီရဲလ်မက်ဒရစ် အသင်းသားတွေ အားလုံးကိုပါ ကံဆိုးစေပါတယ်။ ကျွန်တော်တို့ဟာ အရေးပါဆုံး ကစားသမား တစ်ယောက်ကို လက်လွှတ်ရတော့မှာပါ’’လို့ ပြောပါတယ်။ ယီဆီရိုဒရီဂွက်ဇ်ဟာ ပွဲအစ(၂)မိနစ် လောက်ကတည်းက ဒဏ်ရာရသွားပြီး ဂါရက်ဘေးလ်နဲ့ လူစားလဲ ခဲ့ရတာ ဖြစ်ပါတယ်။

No comments:

Post a Comment

back to top