Wednesday, March 26, 2014

ကျောက်တံတားမြို့နယ်တွင် နွေရာသီ အင်္ဂလိပ်စကားပြော သင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ကျောက်တံတား မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ဖွင့်လှစ် သည့် နွေရာသီ အင်္ဂလိပ်စကားပြောသင်တန်းကို မြို့နယ်ပါတီရုံး တည်ရှိရာ ပန်းဆိုးတန်း(အလယ်) ရုံးခန်း၌ မတ်လ (၂၄) ရက်နေ့ နံနက် (၁၁) နာရီတွင် ပညာဒါန အနေဖြင့် စတင်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကျောက်တံတားမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ခေတ္တ အတွင်းရေးမှူး ဦးညီလင်းဖြိုး ဦးဆောင်၍ မြို့နယ်/ရပ်ကွက်ကော်မတီဝင်များ၊ ပါတီဝင်များ၊ မြို့နယ်တွင်းရှိ လူငယ်များ စုပေါင်းကာ စီစဉ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း သင်တန်းသား ၇၅ ဦး တက်ရောက်ကြကြောင်း၊ မြို့နယ်အတွင်းရှိ လူငယ်များအတွက် နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်များအတွင်း အင်္ဂလိပ်စကားပြော ၀ါရင့် ဆရာ ဂျက်ဖရီက အခမဲ့ လာရောက်ပို့ ချပေးခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top