မင်းသမီးနေရာတွင်မြင်တွေ့ရမည့် သရုပ်ဆောင်ယွန်းရွှေရည်

ပရိသတ်ကြီး၏ တောင်းဆိုမှုကြောင့် ဇာတ်ပို့မင်းသမီးနေရာမှ ယခုအခါတွင်မူ ခေါင်းဆောင် မင်းသမီးနေရာ၌ ရိုက်ကူးမှုကို မြင် တွေ့ကြရတော့မည်ဖြစ်သည်ဟု သရုပ်ဆောင် ယွန်းရွှေရည်က မတ် ၂၄ ရက်တွင် စံတော်ချိန်သို့ ပြောဆိုသည်။
" အစ်မကို ပရိသတ်ကြီး ကလည်း ပြောကြ တယ်ပေါ့နော်။ ခေါင်းဆောင်မင်းသမီးနေရာကနေ
သရုပ်မဆောင် ဘူးလားနဲ့ပြော တာတွေလည်းရှိတယ်။ အဲဒါကြောင့် ပရိသတ်ကြီးကို "
ဒီကိစ္စနဲ့ပတ် သက်ပြီးမနောက်ပါနဲ့" ဇာတ်ကားမှာ မိုးအောင်ရင်၊ရဲအောင်၊ ဝေလျှံနဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားလေးမှာ
ခေါင်းဆောင်မင်းသမီးနေရာ ကနေ သရုပ်ဆောင်သွားမှာပါ။ ဒီဇာတ်ကားထဲမှာတော့ အစ်မက ပြင်ဦးလွင်မြို့ အိမ်ကနေ အိမ်ထောင်ပြုခိုင်းလို့ ရန်ကုန်ကို ပြေးလာတာပေါ့နော်။
ရြပ်ကွက်ထဲမှာက မိုးအောင်ရင်နဲ့ ဝေလျှံက ငပွေးနှစ်ကောင် ပေါ့။
အဲဒီမှာလိုက်ပြီးတော့ အစ်မကိုပိုးကြေးပန်းကြေးနဲ့ အပြိုင်ပိုးတာ ပေါ့ နော်။
အဲဒီလိုမျိုး ဖန်စီဟာသဇာတ်ကားလေးပါ။ ပရိသတ်ကြီးကလည်း ဒီကားလေးထွက်လာရင် အားပေးကြပါဦး" ဟု
ယွန်းရွှေရည်က ဖြည့်စွက်ပြောဆိုခဲ့သည်။
လတ်တလောအနုပညာအနေဖြင့် အောင်တိုင်းကျော် ရိုက်ကူး ထားသော " သင့်ကြောင့် "
ဇာတ်လမ်းတွင် လူမင်း၊ ၀တ်မှုံရွှေရည်တို့နှင့် တွဲဖက်ရိုက်ကူး လျက်ရှိနေပြီး
သရုပ်ဆောင် မှု၌လည်း မည်သည့် ကာရိုက်တာ မဆို ကောင်းစွာပုံဖော်သွားမည်ဟု သိရသည်။
No comments:
Post a Comment