ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးတင့်ဇော်နှင့် အမေရိကန်သံရုံး နိုင်ငံရေးဆိုင် ရာသံအရာ ရှိတို့ တွေ့ ဆုံဆွေးနွေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးတင့်ဇော်နှင့် အမေရိကန်သံရုံးမှ နိုင်ငံရေး ဆိုင်ရာသံအရာရှိ Robert Mc Donald တို့သည် မတ်လ(၂၆)ရက်နေ့ နံနက်(၀၉း၃၀) နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် နေပြည်တော် ဧည့်ခန်းမဆောင် တွင် တွေ့ဆွေးနွေးကြပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဗဟိုကော်မတီဝင် ဦးတင့်ဇော်မှ မိမိတို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ အေးချမ်းသာယာသော ဒီမိုကရေ စီနိုင်ငံ တော်ကြီးအဖြစ် တည်ဆောက်နိုင်ရေး၊ အမေရိကန်အစိုးရနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကြား ချစ်ကြည်ရင်းနှီးမှုတည်ဆောက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
No comments:
Post a Comment