ဆောက်သမ်တန်အသင်း အမှုဆောင်အရာရှိချုပ်သစ် ဖြစ်လာခဲ့သည့် ဂါရတ်ရော်ဂျာ
March 26, 2014
ဆောက်သမ်တန် အသင်းသည် ဂါရတ်ရော်ဂျာကို အသင်း၏ အမှုဆောင်
အရာရှိချုပ်သစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။ ရော်ဂျာသည် ပြီးခဲ့သော
ဇန်န၀ါရီလတွင် အသင်းဥက္ကဋ္ဌ နီကိုလာကော်တီဆီ နုတ်ထွက် သွားခဲ့ပြီးနောက်
ယာယီအမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သည်။ “ဂါရတ်ဟာ ပြီးခဲ့တဲ့
နှစ်လကျော်ကျော်က ခက်ခဲပြီး အသွင်ကူးပြောင်းချိန် ကာလအတွင်း
ကျွန်တော်တို့ရဲ့ လုပ်ငန်းကို အကောင်းဆုံး ဦးဆောင်မှု ပေးနိုင်ခဲ့ပါတယ်”ဟု
ဥက္ကဋ္ဌရာဖ့်ခရူဂျာက ပြောကြားခဲ့သည်။ ရော်ဂျာသည် ယခင်က အသင်း၏
ဘဏ္ဍာရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ “ဆောက်သမ်တန် အသင်းရဲ့
အမှုဆောင် အရာရှိချုပ်အဖြစ် အတည်ပြု ခန့်အပ်ခံလိုက်ရတာဟာ
အထူးအခွင့်အရေးတစ်ရပ် စစ်စစ်ဖြစ်ပြီး ဂုဏ်သိက္ခာ တစ်ရပ်လည်း ဖြစ်ပါတယ်။
အလားအလာ ကောင်းတွေ တကယ်ရှိနေတယ်ဆိုတာ အသင်းရှုထောင့်တိုင်းကနေ
သိသာထင်ရှားပြီး အဲဒီကို ရောက်အောင် ဆက်လက် ကြိုးပမ်းဖို့ ကျွန်တော်တို့
ရည်ရွယ်ထားပါတယ်” ဟု ရော်ဂျာက ပြောကြားခဲ့သည်။
No comments:
Post a Comment