Thursday, March 6, 2014

ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းဖော်ဆောင်ရေး ဆင့်ပွား သင်တန်းဖွင့်

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်း အဝေးခန်းမတွင် မတ် (၄) ရက်နေ့က ပြည်နယ်ပြည်ခိုင်ဖြိုးပါတီက ကြီးမှူးကျင်းပသော ရေရှည် ဖွံ့ဖြိုး တိုးတက်သော လူ့အဖွဲ့အစည်း ဖော်ဆောင်ရေးဆင့်ပွားသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာန၀န်ကြီး ဦးညွှတ်အောင်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန ၀န်ကြီး ဦးဘီထောဇောင်း၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာခင်မောင်ထွန်း၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်နိုင်၊ လီဆူးတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးအားဆီး၊ တိုင်းရင်းသား စည်းလုံး ညီညွှတ် ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)မှ တာဝန်ရှိသူ များ၊ ခရိုင်/မြို့နယ်တို့မှ ပါတီကော်မတီဝင်များ၊ ၁၈ မြို့နယ်မှ သင်တန်းသား သင်တန်းသူ ၇၂ ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲတွင် ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ဒီနေ့ပစ္စုပ္ပန်ကာလမှ ရရှိနေတဲ့ ပါတီစုံဒီမိုကရေစီ ကျင့်သုံးနိုင်မှု အကျိုးတရားဟာ ညင်သာစွာ အသွင် ကူးပြောင်းမှုဖြစ်စဉ်ကြီးကို မှန်ကန်စွာ ဆောင်ရွက်ခဲ့တဲ့ အကြောင်း တရားကြောင့်သာ ဖြစ်ပါတယ်။ ဒါကြောင့် အသင်းဝင်တွေ၊ မိတ်ဖက်ပါတီ ၀င်တွေ၊ လူမှုရေး အသင်းအဖွဲ့ဝင်တွေနဲ့ ပြည်သူတွေရဲ့ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်ကြီးများ အောင်မြင်ရေး အတွက် ပါတီဝင်များ ဘက်စုံစွမ်းရည် ထက်မြက်နေဖို့ လိုအပ်ပါတယ်။ "ဒီသင်တန်း မရှိမဖြစ် လိုအပ် သော သင်တမ်းဖြစ်သဖြင့် သင်တန်းသူ သင်တန်းသားများကလည်း သင်တန်းဆရာမ ပို့ချသည်များကို ဂရုတစိုက် လေ့လာမှတ်သားကြပါ" ဟုမှာကြားသည်။

No comments:

Post a Comment

back to top