ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဒေသဖွံ့ဖြိုးရေးကွင်းဆောင်ရွက်
ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗဟိုကော်မတီ ၀င် ဦးစောထွဋ်ခေါင်လွင်၊ မြို့နယ်ပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ဒေါ်အိသဇင်မိုးနှင့် ဦးအောင်ကိုလတ်တို့သည် မတ်လ (၃)ရက်က ရေကျော်ကြီး လမ်းပြုပြင်ရေး၊ ဆေးခန်းတည်ဆောက်ရေးနှင့် ရေတွင်းပြုပြင်ရေး စသည့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ပြီးစီးမှု အခြေအနေကို သွားရောက် ကြည့်ရှု စစ်ဆေးမှု ပြုလုပ်ခဲ့သည်။ဆက်လက်၍ ဗဟိုကော်မတီဝင်နှင့်အဖွဲ့သည် ကြာအင်းဆိပ်ကြီးမြို့နယ် သံပုရာကျေးရွာသို့ သွားရောက်ပြီး လွှတ်တော်ကိုယ်စားလှယ်က ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် သိန်း ၁၀၀၀ ဖြင့် ကျေးရွာ အထက(ခွဲ) စာသင်ကျောင်းဆောင် ကာရံနေမှု၊ ကော့ကမာ စာသင်ကျောင်း ရေတွင်းပြုပြင်နေမှုနှင့် မရိက လပ်ကျေးရွာ ရေတွင်း အမိုးအကာပြုပြင်နေမှုများ ကို ကြည့်ရှုစစ်ဆေးပြီး ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် မြို့မခြောက်ရပ်ကွက် အတွင်းရှိ စာသင်ကျောင်းဆောင်များ ပြုပြင်နေမှုကို ကြည့်ရှု စစ်ဆေးကာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ကျောင်း အကျိုးတော်ဆောင် အဖွဲ့များအား လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ထိုနောက် မွန်းလွှဲ(၁)နာရီတွင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးခန်း၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗဟိုကော်မတီဝင် ဦးစောထွဋ်ခေါင်လွင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများသည် ဒေသခံများနှင့် ဖွံ့ဖြိုးရေး ကိစ္စရပ်များ ဆွေးနွေး ညှိနှိုင်း ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment