Thursday, March 6, 2014

ဇွန်လမှာ ပိုမိုပူပြင်းလာနိုင်သည့် အပူချိန်

လာမယ့်ဇွန်လမှာ ရာသီဥတုပိုမို ပူပြင်းလာနိုင်ပြီး အယ်နီညို ဖြစ်လာနိုင်တယ်လို့ မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်ကခန့်မှန်းထားကြောင်း သိရပါတယ်။ အယ်နီညို ရာသီ ဥတု ဖြစ်ပေါ်လာပါက မုတ်သုံမိုးနည်းခြင်း၊ သာမန်ထက် အပူချိန်လွန် ကဲခြင်းနဲ့ ရေခမ်းခြောက်ခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အခုလက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာ  နေ့အပူုချိန်(၃၅)ဒီဂရီ စင်တီဂရိတ်ခန့်ရှိနေပြီး မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတွေမှာ ပိုမိုပူပြင်းလျက်ရှိတယ်လို့ သိရပါတယ်။
မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ ခန့်မှန်းချက်အရ အခုနှစ်ဟာ အယ်နီညိုရာ သီဥတု ဖြစ်ပေါ်လာနိုင် တယ်လို့ သိရပါတယ်။အပူချိန် လွန်ကဲမှုကို သတိထားနေထိုင်သင့်တဲ့ ကလေးသူငယ်တွေနဲ့ သက်ကြီးပိုင်းတွေဟာ ပူပြင်းတဲ့ ရာသီဥတုမှာ ခန္ဓာကိုယ် ရေဓာတ်ခန်းခြောက်တဲ့အတွက် ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားရတတ်ပါတယ်။
လက်ရှိမှာတော့ ပြည်သူတွေအနေနဲ့ နှစ်စဉ်အပူချိန်မြင့်မားမှုကို ကြုံတွေ့နေရ တာကြောင့် နေထိုင် စားသောက် ရမယ့် ပုံစံကိုသိရှိနေကြပါပြီ။ ဒါကြောင့် ပြည်သူတွေကို အပူချိန်လွန် ကဲနေချိန်မှာ ကျန်းမာရေးနဲ့ အညီ နေထိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အကြံပြုထား ပါတယ်။ မြန်မာနိုင်ငံမှာ (၁၉၉၈)ခုနှစ်နဲ့ (၂၀၀၈)ခုနှစ်တွေမှာ အလွန်ဆိုးရွားတဲ့ အယ်နီညိုဖြစ်ပေါ်ခဲ့ဖူးတယ်လို့ သိရပါတယ်။
mrtv-4

No comments:

Post a Comment

back to top