Wednesday, March 19, 2014

နည်းပြ ရော့ဂျာအား စာချုပ်သက်တမ်း တိုးရန် အသင်းပိုင်ရှင်တို့ကို ဂျရတ် တိုက်တွန်း

 

လီဗာပူး အသင်းခေါင်းဆောင် ဂျရတ်က အသင်းပိုင်ရှင်များကို နည်းပြ ဘရန်ဒန်ရော့ဂျာအား စာချုပ်သစ် ချုပ်ဆိုရန် တိုက်တွန်းလိုက်ကြောင်း သိရသည်။ နည်းပြရော့ဂျာသည် လီဗာပူးအသင်းနှင့် လက်ရှိစာချုပ်တွင် တစ်နှစ်သာ သက်တမ်း ကျန်တော့ပြီး တစ်နှစ်သက်တမ်းတိုး ချုပ်ဆိုရန် ရွေးချယ်ခွင့် ရရှိထားသည်။ “ဘရန်ဒန်ဟာ ကျွန်တော်တို့ကို မျက်စိဖွင့် ပေးပါတယ်။ သူဟာ လီဗာပူးအသင်းနည်းပြ ဖြစ်လာဖို့ အခွင့်အရေး ရရှိခဲ့တဲ့အချိန်မှာ လူငယ်နည်းပြ တစ်ဦးသာဖြစ်ပြီး တစ်ပတ်ပြီးတစ်ပတ် သူဟာ တိုးတက်လာခဲ့ပြီး အသင်းကိုလည်း စိတ်အေးစေခဲ့ပါတယ်။ ကျွန်တော် သူ့ဆီကနေ နေ့တိုင်း သင်ယူနေပါတယ်။ ၀ါရင့်ကစားသမားတစ်ဦး ဖြစ်လာတဲ့အချိန်မှာ နည်းပြတစ်ဦးဟာ ဘယ်လိုတာဝန်ယူစီမံလဲဆိုတာကို ဂရုစိုက်မိပါတယ်။ သူဟာ အရမ်းကို ကောင်းမွန်ပြီး တခြားကစားသမားတွေလည်း ကျွန်တော်ပြောသလိုပဲ လိုက်ပြောမှာ သေချာပါတယ်။ သူဒီမှာ ရှိနေတာအတွက် ကျွန်တော်တို့ ၀မ်းသာမိပြီး ဖြစ်နိုင်သလောက်မြန်မြန် စာချုပ်သက်တမ်းတိုး စေချင်တာကြောင့် (အသင်းပိုင်ရှင် ဂျွန်ဟင်နရီ နေထိုင်သော)ဘော့စတွန်မြို့မှာ လှုပ်ရှားမှုတွေ အများကြီး ဖြစ်ပေါ်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်”ဟု အသက်၃၃နှစ် အရွယ်ရှိ ဂျရတ်က ပြောကြားခဲ့သည်။ “သူက ကစားသမား တစ်ဦးချင်းစီကို ကွဲကွဲပြားပြား ကိုင်တွယ်ပါတယ်။ အ၀တ်လဲခန်းထဲမှာ ကျွန်တော်တို့မှာ စရိုက်အမျိုးမျိုး ရှိတယ်ဆိုတာကို သူသိပါတယ်။ သူ့ရဲ့ တစ်ဦးချင်း စီမံကွပ်ကဲမှုက ကျွန်တော် သိသလောက် အကောင်းဆုံးပါပဲ။ သူက ကျွန်တော်တို့ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု အပြည့်နဲ့ ကွင်းထဲ ၀င်ရောက်စေပါတယ်”ဟု ဂျရတ်က ထပ်ဆောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top