ဆွီဒင် စကီးခရော့ ပြိုင်ပွဲမှာ ဇန်ဂါနဲ့ စမစ်တို့ အနိုင်ရတဲ့ သတင်း

ဆွီဒင်နိုင်ငံ အာရီမြို့မှာ တနင်္ဂနွေနေ့က ပြုလုပ်တဲ့
ကမ္ဘာ့ဖလား စကီးခရော့ပြိုင်ပွဲမှာ သြစတြီးယားနိုင်ငံသား သောမတ်ဇန်ဂါနဲ့
ဆွစ်ဇာလန်နိုင်ငံသူ ဖန်နီစမစ်တို့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။
အမျိုးသားပွဲစဉ်မှာ ဇန်ဂါက သူနဲ့တစ်နိုင်ငံတည်းသား အင်ဒရေမတ်၊
ဆွစ်ဇာလန်နိုင်ငံသား အာမင်နီဒီရာနဲ့ ဂျာမနီနိုင်ငံသား
ဒယ်နီယယ်ဘိုနက်ကာတို့ကို အနိုင်ရတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ချန်ပီယံဆုအတွက်
အမှတ်ပေး ဇယားမှာတော့ ဒီဆွီဒင်ပြိုင်ပွဲမှာ အဆင့်(၉)ချိတ်တဲ့
အိုလင်းနော့ဘတ်က (၄၇၄)မှတ်နဲ့ ဦးဆောင်နေပြီး အင်ဒရေမတ်က (၄၆၄)မှတ်၊
ဘိုနက်ကာက (၃၇၀)မှတ်တို့နဲ့ နောက်က လိုက်နေပါတယ်။ အမျိုးသမီး
ဗိုလ်လုပွဲစဉ်မှာတော့ ဖန်နီစမစ်က ပြင်သစ်နိုင်ငံသူ အိုဖီလီဒေးဗစ်၊
ကနေဒါနိုင်ငံသူ ဂျော်ဂျီယာဆင်မားလင်းနဲ့ ကနေဒါ နိုင်ငံသူပဲဖြစ်တဲ့
မာရီသွန်ဆင်တို့ကို အနိုင်ရတာ ဖြစ်ပါတယ်။ အမျိုးသမီး အမှတ်ပေးဇယားမှာတော့
အခုဆွီဒင်ပြိုင်ပွဲမှာ အဆင့်(၄)ချိတ်တဲ့ သွန်ဆင်က (၆၅၅)မှတ်နဲ့
ဦးဆောင်နေပြီး စမစ်က(၆၅၀)မှတ်၊ ဒေးဗစ်က (၅၃၂)မှတ်တို့နဲ့ ကပ်လိုက်နေပါတယ်။
နောက်ဆုံး ပွဲစဉ်ကို ဒီရက်သတ္တပတ်ကုန်မှာ ပြင်သစ်မှာ ကျင်းပပါမယ်။
No comments:
Post a Comment