Thursday, March 20, 2014

ဘိုအာ့စ်ကို နည်းပြသစ်အဖြစ် ဇင်းနစ် ခန့်အပ်တဲ့ သတင်း

 

ချဲလ်ဆီးနဲ့ တော့တင်ဟမ် နည်းပြဟောင်း ဗီလက်စ်ဘိုအာ့စ်ဟာ ရုရှားထိပ်တန်းကလပ် ဇင်းနစ်အသင်းကို တာဝန်ယူ နည်းပြဖို့ အင်္ဂါနေ့က တရားဝင် စာချုပ်လိုက်ပါတယ်။ ဘိုအာ့စ်နဲ့ ဇင်းနစ်အသင်းတို့ရဲ့ စာချုပ်သက်တမ်းက (၂)နှစ်ရှိတယ်လို့ သိရပါတယ်။ အသက်(၃၆)နှစ် အရွယ်သာ ရှိသေးတဲ့ ဒီပေါ်တူဂီ နည်းပြဟာ ပေါ်တိုအသင်းနဲ့အတူ အောင်မြင်ပြီး နောက်ပိုင်း လန်ဒန် ထိပ်သီးကလပ် ချဲလ်ဆီးနဲ့ တော့တင်ဟမ် အသင်းတို့မှာတော့ အောင်မြင်မှု မရခဲ့ပါဘူး။ ရလဒ်ဆိုးတွေကြောင့် စာချုပ်သက်တမ်း မစေ့ခင်မှာတင် တာဝန်က အသီးသီး ထုတ်ခံခဲ့ရပါတယ်။ ဘိုအာ့စ်ကို ခန့်တာနဲ့ ပတ်သက်ပြီး ဇင်းနစ်အသင်း ၀က်ဘ်ဆိုက်မှာတော့ အခုလို ဖော်ပြထားပါတယ်။ ’’ဇင်းနစ် အသင်းဟာ နည်းပြသစ် ဘိုအာ့စ်နဲ့ စာချုပ်ချုပ်ဖို့ သဘောတူညီမှု ရပါပြီ၊ မစ္စတာဗီလက်စ်ဘိုအာ့စ်ဟာ မတ်လ (၂၀)ရက်နေ့ကစပြီး ဇင်းနစ်စိန့်ပီတာစဘတ် အသင်းကို စတင်ဦးဆောင်မှာ ဖြစ်ပါတယ်’’လို့ ဇင်းနစ်အသင်းက သတင်းထုတ်ပြန် ထားပါတယ်။ ဇင်းနစ်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် (၅)နှစ်ကြာ လက်တွဲခဲ့တဲ့ အီတလီနည်းပြ စပယ်လက်တီကို ပြီးခဲ့တဲ့ တစ်ပတ်က တာဝန်ကနေ ထုတ်ခဲ့ပါတယ်။ သူ့အစား ရုရှား လက်ရွေးစင်ဟောင်း ဆီမက်က ယာယီနည်းပြအဖြစ် တာဝန်ယူထားပြီး အခုမှ နည်းပြသစ် ပြန်ခန့်တာ ဖြစ်ပါတယ်။ ဘိုအာ့စ်ဟာ ဇင်းနစ်အသင်းမှာ ပေါ်တို တိုက်စစ်မှူးဟောင်း ဟော့ခ်နဲ့ တစ်ကျော့ပြန် လက်တွဲရမှာပါ။

No comments:

Post a Comment

back to top