အားမာန်သစ်
Thursday, March 20, 2014
ရေလိုက်လွဲခဲ့မိပြီလား
တို့မြန်မာတွေ ခေတ်နောက်ကျ
တိုးတက်မှုနောက်ကျလို့ ပြေးလိုက်တာ
အောက်စပေါ်နေပြီဗျ
နွေကျောင်းပိတ်ရင် နောင်စာသင်နှစ် မလစ်ဟင်းအောင်
လူ့အသိုင်းအဝိုင်းကြီးကြီးထဲ ဝင်ဆန့်အောင်
ကွန်ပျူတာသင်--အင်္ဂလိပ်စာသင်
နောင်နှစ်သင်ရိုးတွေ သင်နေရတာနဲ့
နောင်တစ်ခေတ်ရဲ့ ကြယ်ပွင့်တွေအတွေးမှာ
ဘာသာရေး ကွယ်
ချစ်စရာ့ မြန်မာဓလေ့တွေ ပျောက်တော့မယ်။
ဗုဒ္ဓဘာသာဟာ ရုပ်တုကိုးကွယ်တဲ့ ဘာသာမဟုတ်ကြောင်းဖြေရှင်းနိုင်တဲ့သူ ရှားသွားပြီ
မြတ်စွာဘုရားရဲ့ ရာဇဝင် ပြောပြနိုင်တဲ့သူ မရှိတော့ဘူး
သစ်ပင်ကိုဖြတ် အင်္ဂတေဖျော် ရုပ်တုသွင်းတိုင်း
ငါတို့ ကိုးကွယ်တာမဟုတ်ဘူးဆိုတာ
ဘယ်သူဖြေရှင်းပြောပြတော့မှာလဲ
ဘုရား အနေကဇာ ဘာကြောင့်တင်သလဲ ဘယ်သူဆွေးနွေးပြမှာလဲ
လူနေမှု အဆင့်အတန်းဘယ်လောက် မြင့်လာခဲ့ မြင့်လာခဲ့
ဘာသာကွယ်ရင် လူမျိုးပျောက်မှာပါ
အမျိုးပျောက် ဘာသာမဲ့ဖြစ်မှာ
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment