ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း တောင်ဥက္ကလာပမြို့ နယ်တွင်း ကွင်းဆင်းကြည့်ရှု
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း သည် မတ်လ(၂၂) ရက်နေ့ နံနက် (၉) နာရီက (၁၃) ရပ်ကွက် သံသုမာ အားကစားကွင်းတွင် ပြုလုပ်သော (၆၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဖလား အသက်(၁၃)နှစ်အောက် ဘောလုံးပြိုင်ပွဲ သို့ တက်ရောက်ကြည့်ရှုအားပေးသည်။
အခမ်းအနားသို့ တောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးမျိုးမင်းအောင်နှင့် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ၊ အားကစားဖြစ်မြောက်ရေး ကော်မတီများ၊ ရပ်ကွက်ဒေသဖွံ့ဖြိုးရေးကော်မတီ များ၊ ရပ်မိရပ်ဖများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း နှင့်အဖွဲ့ သည် ၁၄/စီမံကိန်း (၁) ရပ်ကွက်ရှိ အရိယဓမ္မရုံတွင် မီးဘေးသင့် ပြည်သူများ အား သွားရောက်တွေ့ဆုံ၍ အားပေး စကားများ ပြောကြားပြီး စားနပ်ရိက္ခာ များ ပေးအပ်လှူဒါန်းခဲ့သည်။
၎င်းလှူဒါန်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး မျိုးမင်းနောင်နှင့် တပ်ဖွဲ့ဝင်များပါ ပါဝင်လှူဒါန်းကြကြောင်းသိရသည်။
ဆက်လက် ၍ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သည် ပြည်ထောင်စု လွှတ်တော်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော အမှတ်(၂၇) အခြေခံပညာ မူလတန်းကျောင်းဘေး အုတ်ရေနုတ်မြောင်း ဆောင်ရွက် ထားရှိမှုကို လည်းကောင်း၊ (၁၃)ရပ်ကွက်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင် ရွက်သော ကွန်ကရစ်လမ်း ခင်းထားမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment