Tuesday, March 25, 2014


ဘာသာပေါင်းစုံ ချစ်ကြည်ရေးဟောပြောပွဲကျင်းပ
ပဲခူးမြို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးဟောပြောပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲ က ပဲခူးမြို့ ရွှေမော်ဓော ဘုရားလမ်းရှိ ဗုဒ္ဓအသံဓမ္မဗိမာန်ကြီး၌ ကျင်းပရာ ဆရာတော် သံဃာတော် များ၊ သီလရှင်ဆရာကြီး  ဆရာလေးများ၊ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်ဘာသာတို့မှ ဘာသာရေးခေါင်းဆောင် များနှင့် ဘာသာဝင်များတက်ရောက်ကြသည်။
ရှေးဦးစွာ တစ်မိနစ်ခန့် ငြိမ်သက်စွာ ဆုတောင်းမေတ္တာပို့သကြပြီး သဘာပတိကျုံတူကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ၀ါယမက အဖွင့်သြ၀ါဒကထာ ချီးမြှင့်ကာ ပဲခူးတိုင်းဒေသကြီး သံဃာနာယက ဥက္ကဋ္ဌ ဥဿာသီရိစာသင်တိုက် ဆရာတော်  အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယက ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး သြ၀ါဒကထာ ချီးမြှင့်သည်။ ထို့နောက် ဘာသာအသီးသီးမှ ခေါင်းဆောင်များက မိမိတို့ဘာသာအလိုက် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးတရားများ ဟောပြောခဲ့ကြသည်။
ယင်းအခမ်းအနားကို ပဲခူးမြို့ ဘာသာပေါင်းစုံလူငယ်များက ဦးဆောင်စီစဉ်ခဲ့ပြီး အင်အား ၅၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။

No comments:

Post a Comment

back to top