ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း ရေရှည်ဖွံ့ဖြိုးတိုး တက်သော လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး သင် တန်းသားများအားတွေ့ဆုံ
မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်းရုံး အတွင်း မတ်လ (၁၇) ရက်မှ (၂၉) ရက်အထိ ၁၂ ရက်ကြာ ဖွင့်လှစ်သင် ကြားနေသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး သင်တန်းသား ၁၀၀ ကို မတ်လ (၂၃) ရက်နေ့ နံနက် ၈ နာရီတွင် ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက လာရောက်တွေ့ဆုံ ဟောပြော ခဲ့သည်။
ယင်းတွေ့ဆုံပွဲတွင် ပါတီလုပ်ငန်းများအောင်မြင်ရန်မှာ အရည်အချင်းရှိသော ပါတီဝင်များပေါ်တွင် မူတည်ကြောင်း၊ ထို့ကြောင့် အရည်အချင်း တိုးတက်စေ ရန်အလို့ငှာ ယခုကဲ့သို့ သင်တန်းပို့ချသည်များမှ ရယူခြင်း၊ မိမိကိုယ်တိုင် ဆည်းပူးလေ့လာခြင်း၊ လူကြီးသူမများထံမှ အတွေ့အကြုံများကို ပြန် လည်လေ့လာခြင်း တို့ဖြင့် တိုးတက်အောင်ပြုလုပ်သင့် ကြောင်း ၎င်းက တိုက်တွန်းသည်။
"ပါတီရဲ့ လုပ်ငန်းတွေ အောင်မြင်ဖို့အတွက် အရည်အချင်းရှိတဲ့ ပါတီဝင်တွေ အရေအတွက်များဖို့ လဲလိုအပ်ပါတယ်။ အရည်အချင်းမရှိတဲ့ ပါတီဝင်တွေ က နိုင်ငံရေးလုပ်လို့မရပါဘူး"ဟု သင်တန်း သားများအား ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင် ခံ ဦးအောင်သောင်းက ထပ်လောင်းအကြံပြုသည်။
ယင်းတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းနှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်၊ ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။
No comments:
Post a Comment