Wednesday, March 26, 2014


လေထုညစ်ညမ်းမှုကြောင့် လူ ၇ သန်းခန့် သေဆုံးဟုဆို
ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် နှစ်စဉ်လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် သေဆုံးသူဦးရေမှာ ၇ သန်းခန့်သို့ ရောက်ရှိလာသည်ဟု ဖော်ပြ ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာနက ယနေ့ဖော်ပြသည်။
သေဆုံးသူများအနက် လူဦးရေ ၃ ဒသမ ၃ သန်းခန့်မှာ အဆောက်အအုံ အတွင်း လေထုညစ်ညမ်းမှု များကြောင့် သေဆုံးနေခြင်းဖြစ်ပြီး ကျန်သေဆုံးသူများမှာမူ အဆောက်အအုံပြင်ပ လေထု ညစ်ညမ်းမှုများကြောင့် သေဆုံးခြင်းဖြစ်သည်ဟုဆိုသည်။အရှေ့တောင်အာရှဒေသမှာ လေထုညစ်ညမ်းမှု အခြေအနေသိသိသာသာ မြင့်တက်လာသော ဒေသဖြစ်သည်ဟုလည်းသိရသည်။

No comments:

Post a Comment

back to top