Friday, March 21, 2014

အင်ဒီမာရေးနဲ့ နည်းပြ အီဗန်လင်ဒယ်တို့ လမ်းခွဲကြတဲ့ သတင်း

 

ဆိုနီ အိုးပင်းပြိုင်ပွဲ မတိုင်ခင်မှာပဲ ဗြိတိန်တင်းနစ်သမား အင်ဒီမာရေးနဲ့ သူ့နည်းပြ အီဗန်လင်ဒယ်တို့ လမ်းခွဲလိုက်ကြပါပြီ။ (၂)နှစ်ကြာပြီဖြစ်တဲ့ သူတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို အဆုံးသတ်ဖို့ နှစ်ဘက်စလုံးက သဘောတူကြတယ်လို့ ၀င်ဘယ်ဒန် ချန်ပီယံ မာရေးက ဗုဒ္ဒဟူးနေ့က ကြေညာပါတယ်။ ချက်နိုင်ငံသား ကမ္ဘာကျော် တင်းနစ်သမားဟောင်း အီဗန်လင်ဒယ်ရဲ့ ကြီးကြပ်မှုနဲ့ မာရေးဟာ လန်ဒန်အိုလံပစ်မှာ ရွှေဆုရခဲ့ပြီး အဲဒီ(၂၀၁၂) ယူအက်စ်အိုးပင်း ချန်ပီယံဆုကို ရခဲ့ပါတယ်။ နောက်ပြီး မနှစ်က ၀င်ဘယ်ဒန် ချန်ပီယံဆုကိုလည်း မာရေး ရခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မီယာမီမြို့မှာ ကျင်းပနေတဲ့ ဆိုနီအိုးပင်း တင်းနစ်ပြိုင်ပွဲကို မာရေးလိုပဲ ကမ္ဘာ့နံပါတ်(၁) နာဒယ်လည်း ၀င်ရောက် ယှဉ်ပြိုင်မှာပါ။ "ကျွန်တော့်ကတော့ မီယာမီကို လာကစားရတာ ၀မ်းသာပါတယ်။ မနှစ်ကတော့ ဒီမှာပြိုင်ဖို့ အခွင့်အရေး မရခဲ့ဘူး။ ပြိုင်ပွဲအတော်များများကိုလည်း မကစားနိုင်ခဲ့ဘူး။ ဒီနှစ်တော့ မီယာမီပြိုင်ပွဲအတွက် ကျွန်တော် အသင့်ဖြစ်နေပါပြီ"လို့ စပိန်တင်းနစ်သမား နာဒယ်က ပြောပါတယ်။ အဲဒီနေ့က ကစားတဲ့ အမျိုးသား တစ်ဦးချင်း ပထမအဆင့်မှာ ပြင်သစ်တင်းနစ်သမား မန်နာရီနိုက ရုရှားတင်းနစ်သမား နီကိုလေဒါဗီဒင်ကိုကို (၆း၎၊၇း၅)နဲ့ အနိုင်ရပါ တယ်။ ပြင်သစ် တင်းနစ်သမား ဂျရယ်မီချာဒီက အာဂျင်တီးနား တင်းနစ်သမား ဂျူအန်မိုနာကို ကို (၇း၅၊၃း၆၊၇း၆)နဲ့ နိုင်ပါတယ်။

No comments:

Post a Comment

back to top