Thursday, March 6, 2014

Ooredoo Myanmar မှ ပြည်တွင်း၌ မိုဘိုင်းလ်ဖုန်း ဆင်းကတ် များ ရောင်းချနိုင်ရန် လျှောက်လွှာများ စတင်ဖြန့်ဖြူး 

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့် ရရှိထားသည့် Ooredoo Myanmar အနေဖြင့် မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း ဆင်းကတ်များကို စတင်ရောင်းချနိုင်ရန် အတွက် လျှော က်လွှာ များကို မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များသို့ ပေးပို့ကာ ပြည်တွင်း မိုဘိုင်းလ် လောကသို့ စတင် ဝင်ရောက်လာပြီ ဖြစ်ကြောင်း မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များမှ သိရသည်။
မိုဘိုင်းလ်ဖုန်း ဆင်းကတ်များကို ကြိုတင် လျှောက်ထားကာ ဝယ်ယူခြင်းအားဖြင့် စတင် ရောင်းချမည့် အချိန်တွင် ဆင်းကတ်များကို အလွယ်တကူ ရရှိနိုင်မည် ဖြစ်ပြီး ထိုကဲ့သို့ လျှောက်လွှာ မတင်ထားသည့် သူများ အနေဖြင့်လည်း ရောင်းချချိန်များတွင် ဝယ်ယူနိုင် ကြောင်း မိုဘိုင်းလ် အရောင်းဆိုင်များမှ စုံစမ်း သိရှိရသည်။

Ooredoo Myanmar အနေဖြင့် ကွန်ရက် စမ်းသပ်မှုကို Ooredoo Myanmar ၏ မြန်မာပြည် အချက် အလက်များ ဆိုင်ရာဗဟိုနှင့် ရုံးချုပ်တည်ရှိရာ MICT Park နှင့်အနီး ပတ်ဝန်းကျင်တွင် ပထမဦးဆုံးအဆင့် ကွန်ရက် ချိတ်ဆက်ခြင်းကို နည်းပညာအားဖြင့် အောင်မြင်စွာ စမ်းသပ် နိုင်ခဲ့ခြင်း ဖြစ်ပြီး ကွန်ရက်အနေဖြင့် အချက်အလက်များကို ချိတ်ဆက်နိုင်ခြင်း၊ စာတိုပို့နိုင် ခြင်းနှင့် အသံလှိုင်းများ စမ်းသပ်နိုင်ခြင်းတို့ကို မတ် ၃ ရက်က စတင်ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ စမ်းသပ်ပွဲတွင် Ooredoo ၏ နည်းပညာအရ လက်တွဲဖော် ဖြစ်သော Huawei ၏ သတင်းအချက် အလက်နှင့် နည်းပညာစနစ် အနေဖြင့်လည်း သုံးစွဲသူများ စတင် အသုံးပြုနိုင် စေခြင်း၊ ငွေတောင်းခံလွှာနှင့် ဖုန်းကတ် ငွေဖြည့်ခြင်း ဆိုင်ရာများကို စွမ်းဆောင်နိုင်ပြီ ဖြစ်ကြောင်း Ooredoo Myanmar မှ ထုတ်ပြန် ထားကြောင်း သိရသည်။
Ooredoo ကွန်ရက်ကို စတင် မိတ်ဆက်သည့်ပွဲတွင် Ooredoo Myanmar ၏ ဝန်ထမ်းများနှင့် တက်ရောက် ကြသူများအား Ooredoo မိုဘိုင်းလ်ဖုန်းများကို စတင်စမ်းသပ်ခွင့် ပြုပေးခဲ့ပြီး ထိုကဲ့သို့ စမ်းသပ် လုပ်ဆောင်ရာတွင် အသံပိုင်းဆိုင်ရာ ဖုန်းခေါ်ဆိုမှုများ၊ စာတိုများ ပို့ခြင်းနှင့် လက်ခံခြင်းများအပြင် အင်တာနက် စာမျက်နှာများသို့ သွားရောက် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
စမ်းသပ်ပြီးဖြစ်သော ကွန်ရက်သည် အသံပိုင်းဆိုင်ရာ ဝန်ဆောင်မှုများ ကြည်လင်ပြတ်သား မြန်ဆန်ပြီး လျင်မြန်သော စာတိုပို့နှုန်းအား ရရှိခဲ့ကာ စာတိုပို့ခြင်းဖြင့် ဖုန်းကတ်ငွေဖြည့်နိုင်ခြင်း၊ လိုရာရွေးရန် ဝန်ဆောင်မှုများ ဇယားကို အသုံးပြုနိုင်ခြင်းနှင့် ဖုန်းအတွင်းမှ အသံဖြင့် ပြန်လည် ဖြေကြားခြင်းကို အလို အလျောက် လုပ်ခြင်းများကို မြန်ဆန်စွာ ပြုလုပ်နိုင်သည်ကို တွေ့ရှိ ရသည်။ အင်တာနက် စာမျက်နှာများသို့ သွားရောက်ရာတွင်လည်း သုံးစွဲသူများ အလွန်ကြိုက် နှစ်သက်သည့် မြန်နှုန်းအား ရရှိနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ကွန်ရက် စမ်းသပ်ပြီးသည့် နောက်ပိုင်းတွင် ယင်းကုမ္ပဏီ အနေဖြင့် ဆက်သွယ်ရေး လုပ်ငန်းများ အား စတင်လုပ်ကိုင်နိုင်ရန် အတွက် လျှောက်လွှာများကို လက်ခံနေခြင်းလည်း ဖြစ်ပြီး ဆင်း ကတ် လျှောက်လွှာများကို လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ မိုဘိုင်းလ်အရောင်း ဆိုင်များတွင် အခမဲ့ ရ ယူ လျှောက်ထားနိုင်ကြောင်း၊ လျှောက်လွှာပေးပို့ လျှောက်ထားသည့် သူများအနေဖြင့် ဆင်းကတ်များ စတင် ရောင်းချချိန်တွင် အလွယ်တကူ ဝယ်ယူရရှိနိုင် မည်လည်း ဖြစ်ကြောင်း မိုဘိုင်းလ်ဖုန်း အရောင်း ဆိုင် များမှ သိရသည်။

No comments:

Post a Comment

back to top