Wednesday, March 19, 2014

ကရိုင်းမီးယားဒေသ ရုရှားနိုင်ငံ၏ အစိတ်အပိုင်းဖြစ်လာမည်ဟု ရုရှား သမ္မတပြောကြား

ရုရှားသမ္မတပူတင်က ကရိုင်းမီးယားဒေသည် ရုရှားနိုင်ငံ၏ အစိတ်အပိုင်းဖြစ်လာ မည်ဟု ပြောကြား ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ယနေ့ဖော်ပြသည်။ ပူတင်သည်ယနေ့ပြုလုပ်ခဲ့သော ရုရှားအောက် လွှတ်တော်အစည်းအဝေးတွင် “ကရိုင်းမီးယားဒေသဟာ ဆိုဗီယက်ခေတ်ကတည်းက ရုရှားနိုင်ငံနဲ့ ပူးပေါင်း ဖို့လဲ ဆန္ဒရှိနေပါတယ်။ ဒါကြောင့်ကရိုင်းမီးယားဒေသဟာ ရုရှားနိုင်ငံရဲ့ အစိတ်အပိုင်း တစ်ရပ်ဖြစ် လာပါလိမ့်မယ်” ဟု ပြောသည်။
ပူတင်သည် ရုရှားအောက် လွှတ်တော်က ရေးဆွဲထားသော ရုရှားနိုင်ငံနှင့် ကရိုင်းမီးယားဒေသ လွတ်လပ်စွာ ပူးပေါင်းရေး ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးရန် ပြင် ဆင်နေသည်ဟု ရုရှားမီဒီယာများက ဖော်ပြသည်။ ကရိုင်း မီးယားဒေသခေါင်းဆောင်များသည် ယခုလ ၃၀ ရက်တွင် ရုရှားနိုင်ငံနှင့် ပူးပေါင်းရန် ရည်ရွယ်ထားသည်ဟု သိရသည်။

No comments:

Post a Comment

back to top