NBA ဘတ်စကက်ဘောပွဲမှာ ကလီဗီးလင့်ကို မီယာမီဟိ အနိုင်ရတဲ့ သတင်း
အမေရိကန် ပြည်ထောင်စု အိုဟိုင်းအိုးပြည်နယ်က
လီဗီလင့်မြို့မှာ အင်္ဂါနေ့က ပြုလုပ်တဲ့NBA ဘတ်စကက်ဘောပွဲမှာ မီယာမီဟိ အသင်းက
အိမ်ရှင် ကလီဗီးလင့် အသင်းကို (၁၀၀)မှတ်(၉၆)မှတ်နဲ့ အနိုင်ရပါတယ်။ ဒီပွဲမှာ
မီယာမီဟို အသင်းအတွက် လီဘရွန်ဂျိမ်းက (၄၃)မှတ်နဲ့ အမှတ် အများဆုံး
ရယူပေးခဲ့ပါတယ်။ ဒီပွဲစဉ်က အရှေ့ပိုင်း ကွန်ဖရင့်ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပြီး
မီယာမီဟိက (၄၅)ပွဲနိုင်(၁၉)ပွဲရှုံးနဲ့ အရှေ့တောင် ဒေသပိုင်းမှာ ထိပ်ဆုံးက
ဦးဆောင်နေပါတယ်။ ကလီဗီးလင့် အသင်းကတော့ (၂၆)ပွဲနိုင် (၄၁)ပွဲရှုံးနဲ့
အလယ်ပိုင်း ဒေသပိုင်းမှာ တတိယနေရာမှာ ရှိပါတယ်။
No comments:
Post a Comment