Wednesday, March 19, 2014

ဘာစီလိုနာနဲ့ပွဲမှာ ဘန်ဇီမာ ပါနိုင်မယ်လို့ အန်ဆယ်လော့တီ ပြောတဲ့ သတင်း

 

မာလာဂါနဲ့ပွဲတုန်းက ပေါင်ဒဏ်ရာ ရခဲ့တဲ့ တိုက်စစ်မှူး ဘန်ဇီမာဟာ ရှော့ကဲနဲ့ ချန်ပီယံလိဂ်ပွဲမှာ မပါနိုင်ပေမယ့် ဘာစီလိုနာနဲ့ အယ်လ်ကလာစီကို ဒါဘီပွဲကို ၀င်ကစားနိုင်မယ်လို့ ရီရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက တနင်္လာနေ့မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ရီရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ပွဲဟာ တနင်္ဂနွေနေ့မှာ ကစားရမှာ ဖြစ်ပါတယ်။ အန်ဆယ်လော့တီက ’’ဘန်ဇီမာဟာ ဒီရာသီမှာ အရင်နှစ်တွေကထက် ပိုခြေစွမ်းပြနေပါတယ်၊ ဂိုးသွင်းနိုင်တာ တစ်ခုတည်း မဟုတ်ပါဘူး။ ကစားဖော်တွေနဲ့လည်း တွဲဖက်ညီညီ ခြေစွမ်းပြနိုင်ပါတယ်။ အခုလောလောဆယ် သူ့မှာ ဒဏ်ရာရှိနေပါတယ်။ သူ့ဒဏ်ရာ ဘယ်လောက်ထိ တိုးတက်လာမလဲကို မနက်ဖြန်မှာ ဆက်လက် စောင့်ကြည့်ရပါမယ်၊ ကံကောင်းတာက ရက်ပိုင်းအတွင်း ဒဏ်ရာသက်သာ လာနိုင်ခြေ ရှိပါတယ်’’လို့ ပြောပါတယ်။ ဘန်ဇီမာရဲ့ ပေါင်ဒဏ်ရာဟာ မာလာဂါနဲ့ပွဲမှာ ကစားဖော် ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ခိုက်မိပြီး ရခဲ့တာပါ။ ဒီဒဏ်ရာကြောင့် ဘန်ဇီမာဟာ ပွဲချိန်(၃၂)မိနစ်ကတည်းက ဒီမာရီယာနဲ့ လူစားလဲ ခဲ့ရပါတယ်။

No comments:

Post a Comment

back to top