Wednesday, March 19, 2014

မလေးရှားပျောက်ဆုံးလေယာဉ်ကို မြင်တွေ့သူများပေါ်ထွက် ရေဒါစက်ကွင်းမှ ရှောင်ရန် ပေ ၅၀၀၀ ခန့်မှ ပျံသန်းသွားခြင်းဖြစ်ဖွယ်ရှိ
ယခုလ ၈ ရက်က ပျောက်ဆုံးသွားခဲ့သော မလေးရှားလေကြောင်းပိုင် ခရီးသည်တင် လေယာဉ် ကို မြင်တွေ့လိုက်သူများပေါ်ထွက်ခဲ့သည်ဟု မလေးရှားနေ့စဉ်ထုတ် သတင်းစာ နယူးစရိတ်တိုင်းမ်က ယနေ့ဖော်ပြသည်။
နယူးစထရိတ်တိုင်းမ်သတင်းစာက ယခုလ ၉ ရက် ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်တွင် မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်းရှိ ကီလန်တန်ဒေသ၌ ပျောက်ဆုံးနေသော မလေးရှားလေကြောင်းပိုင် လေယာဉ်ဟု ယူဆရသည့် လေယာဉ်တစ်စင်းကို ဒေသခံကိုးဦးခန့်က မြင်တွေ့ခဲ့ကြောင်း၊ ဒေသခံများသည် မြေပြင်နှင့် နီးကပ်စွာပျံသန်းလာသောကြီးမားသည့်လေယာဉ်တစ်စင်းကိုမြင်တွေ့ခဲ့ခြင်းဖြစ်ကြောင်း၊ တောင်တရုတ် ပင်လယ်ဘက်မှ အနောက်ဘက်အရပ်ဆီသို့ ဦးတည်ပျံသန်း သွားခြင်းဖြစ်ကြောင်း၊ လေကြောင်း ပျံသန်းမှု ဆိုင်ရာ မှတ်တမ်းများနှင့် MH370 လေယာဉ်နှင့် ဆက်စပ်သောတွေ့ရှိချက်များ အရ ဒေသခံများ မြင်တွေ့ ခဲ့သော လေယာဉ်မှာ ပျောက်ဆုံးနေသော မလေးရှားလေကြောင်းပိုင် လေယာဉ်ဖြစ် ဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ လေယာဉ်ကို မြင်တွေ့ခဲ့သော အသက် (၅၅) နှစ်အရွယ်ရှိ ငါးဖမ်းသမားတစ်ဦးဖြစ်သူ အဇစ်အီဘရာဟင်က “အဲဒီနေ့ညက ကောင်းကင်ပေါ်မှာ ဆူညံတဲ့ အသဲတွေကြားလို့ ထွက်ကြည့်ခဲ့မိနယ်။ ကျွန်တော်တွေ့ခဲ့ရတာက ရှေ့မီးကြီးတွေ အပါအ၀င် မီးတွေ အများကြီးဖွင့်ထားတဲ့ လေယာဉ်တစ်စင်းဖြစ်နေပါတယ်။ လေယာဉ်ရဲ့ အရွယ်အစားက ကျွန်တော်တွေ့ဖူးတဲ့ လေယာဉ်တွေထဲမှာအ ကြီးဆုံးလို့ဆိုနိုင်ပါတယ်” ဟု ပြောသည်။
မလေးရှားရဲတပ်ဖွဲ့က တာဝန်ရှိသူများနှင့် လေယာဉ်ရှာဖွေရေး အဖွဲ့များသည် လေယာဉ် ကို မြင်တွေ့ခဲ့သော ဒေသခံများနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။ လေကြောင်းဆိုင်ရာ ပညာရှင်များ က ပျောက်ဆုံးနေသော လေယာဉ်ဖြစ်ဖွယ်ရှိ၍ ရေဒါစက်ကွင်းများမှ ရှောင်ကွင်းနိုင်ရန်အတွက် ပေ ၅၀၀၀ ခန့်အမြင့်မှ ပျံသန်းသွားခြင်းဖြစ်ဖွယ်ရှိပြီး တိုက်လေယာဉ်များ အသုံးပြုလေ့ရှိသည့် နည်းစနစ် တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top