Tuesday, March 18, 2014



တရုတ်သမ္မတနှင့် အမေရိကန်သမ္မတ ယခုလအတွင်း နယ်သာလန် ၌တွေ့ဆုံမည်

တရုတ်သမ္မတရှီကျင့်ဖျင့်နှင့် အမေရိကန်သမ္မတဘားရတ်အိုဘားမားတို့သည် ယခုလနောက်ပိုင်းရက်များ အတွင်း နယ်သာလန်၌နျူကလီးယားလုံခြုံရေး ထိပ်သီးအစည်းအဝေး ပြင်ပ တွင် တွေ့ဆုံကြလိမ့် မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေး ဒုတိယ၀န်ကြီးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
နျူကလီးယားလုံခြုံရေး ထိပ်သီးအစည်းဝေးပွဲသည် မတ်လ ၂၄ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။
အဆိုပါ သမ္မတနှစ်ဦး တွေ့ဆုံမှုသည် ယခုနှစ်အတွင်း နှစ်နိုင်ငံသမ္မတတို့၏ ပထမဆုံး အကြိမ် တွေ့ဆုံ မှုဖြစ်ပြီး တရုတ်နှင့် အမေရိကန်တို့၏ အနာဂတ်ကာလ ဖွံ့ဖြိုးမှုအတွက် အရေးပါသော တွေ့ဆုံမှု လည်း ဖြစ်လာမည်ဖြစ်သည်ဟု ဆိုသည်။
နှစ်နိုင်ငံခေါင်းဆောင်များသည် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး သဘောထားအမြင်များနှင့် အခြားသော စိုးရိမ်ပူပန်ဖွယ်ရာ အရေးတကြီးကိစ္စများပေါ် ဆွေးနွေးကြမည်ဖြစ်သည်။
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်သည် နျူကလီးယားလုံခြုံရေး ထိပ်သီးအစည်းအဝေးကို တက်ရောက်မည့် အပြင် နယ်သာလန်၊ ပြင်သစ်၊ ဂျာမနီ နှင့် ဘယ်လ်ဂျီယံနိုင်ငံများသို့လည်း သွားရောက်လည်ပတ်မည်ဖြစ်ပြီး ခရီးစဉ်တွင် ယူနက်စကိုဌာနချုပ်နှင့် ဥရောပသမဂ္ဂဌာနချုပ်များသို့လည်း သွားရောက်လည်ပတ်မည်ဟု သိရသည်။

No comments:

Post a Comment

back to top